လွန်ခဲ့တဲ့နှစ်ပေါင်းရာချီက ထျန်းချီဂိုဏ်းကမှော်ပညာတွေမှာ ကျွမ်းကျင်တတ်မြောက်ပြီးမင်းကြီးအတွက် တစ္ဆေစစ်သည်တွေဖန်တီးပေးကြပါတယ်တဲ့ ။ဒါပေမဲ့ မင်းကြီးကအရပ်လေးမျက်နှာလုံးကိုစစ်တိုက်ဖို့ကြံတဲ့အချိန်မှာပဲရုတ်တရက်ပြီး တစ်ညအတွင်း ထျန်းကျီဂိုဏ်းကတစ်ဂိုဏ်းလုံးအမြစ်ပြတ်သုတ်သင်ခံလိုက်ရပါတော့တယ် ။ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ဂိုဏ်းတစ်ခုလိုမျိုးပေါ့ ။ နှစ်ပေါင်းမျာစွာကြီးပြီးတဲ့နောက်မှာ ပိုင်ထျန်းလို့ခေါ်တဲ့ပန်းပဲဆရာလေးမှာ ပြဿနာရှာလွန်းနဲ့အစ်မတစ်ယောက်ရှိပါတယ် ။ တစ်နေ့ကျအဲဒီပြဿနာအိုးအစ်မက လောင်းကစားရှုံးလို့ အကြွေးရှင်လိုက်တာခံရရင်း အိမ်ပြန်ရောက်လာခဲ့ပါတယ် ။အကြွေးရှင်ကလည်း ပိုင်ထျန်းရဲ့ စက်ယန္တယားနားလည်မှုကိုတွေ့သွားတော့ မသတ်တော့ဘဲ ပျောက်ဆုံးသွားတာကြာပြီဖြစ်တဲ့ထျန်းကျီဂိုဏ်းရဲ့ ဂူဗိမာန်မှာရတနာရှာဖို့ဖြစ်လာပါတော့တယ် ။အဲဒီလိုနဲ့ ပိုင်မောင်နှမရယ် အကြွေးရှင်သူရဲကောင်းကြီးရယ်ရတနာရှာတဲ့ခရီးစဉ်မှာဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဘယ်လိုအန္တာရာယ်တွေကစောင့်ကြိုနေမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့လိုက်လံကြည့်ရှုအားပေးကြပါအုံး