Para Kang Papa Mo HD

Para Kang Papa Mo

Comedy HD 2023-12-13 8.3 120 Min

အန်တွန်၊ရစ်နဲ့ ဂျို့စ်တို့ဟာ လူငယ်အကသမားတွေပါ။ တစ်နေ့ပြိုင်ပွဲမပြိုင်ခင်သူတို့ရဲ့ရည်းစားသုံးယောက်လုံးက ကိုယ်ဝန်ရှိနေတယ်လို့ တစ်ပြိုင်နက်ပြောလာခဲ့တယ်။ ဒီလိုနဲ့ပြိုင်ပွဲတွေပြိုင်နေရင်း ရုတ်တရက်ကြီးရဲတွေလိုက်ဖမ်းတဲ့အခါအန်တွန်တစ်ယောက်အဖမ်းခံလိုက်ရတော့တယ်။အန်တွန်အဖမ်းခံရတာကသာမန်အမှုမဟုတ်ဘဲ ဆေးမှုဖြစ်နေတဲ့အခါ ထောင်ဒဏ်ကိုနှစ်ရှည်လများကျခံရဖို့ဖြစ်လာပါတော့တယ်။ ဒါ့အပြင် သူတို့သူငယ်ချင်းသုံးယောက်လုံးရဲ့ ရည်းစားတွေကရလာတဲ့ကလေးကို သူတို့ရဲ့ခေါင်းကိုင်အမေဆီ ပစ်ထားခဲ့တဲ့အခါ ကလေးသုံးယောက်လုံးစရိတ်ကိုထောင်ထဲကအန်တွန်က ကျခံရတော့တယ်။ ထောင်ထဲမှာရိုးသားကြိုးစားနေခဲ့တဲ့ အန်တွန်ဟာထောင်နှစ်ရှည်ကျပြီး လွတ်လို့ကလေးတွေနဲ့ တွေ့တဲ့အခါ သူထင်ထားသလို ဖြစ်မနေခဲ့ပါဘူး။အခက်အခဲတွေကြားမှာ သားသမီးတွေရှေ့ကနေဘယ်လိုရပ်တည်မလဲ ဆိုတဲ့အဖေတစ်ယောက်ရဲ့ဘဝကိုဟာသလေးတွေရောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်