ဒီကားကတော့ လူငယ်တွေကိုအဓိကအနေနဲ့ရိုက်ကူးထားပြီးတော့ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ကားမျိုးပါ စစချင်းကိုတည်းက လူငယ်သဘာဝခေါင်းဆောင်နေရာလုကြတယ် ကျောင်းသားခေါင်းဆောင်ဆိုတဲ့ကောင်ကိုအကုန်ဝိုင်းသမပြီး ဘယ်သူကဆရာဆိုတာဗိုလ်လုကြတယ်ပေါ့မင်းသားတို့က နှစ်တိုင်းအကျင့်တစ်ခုရှိတယ် အဲဒါကတော့ဘုရားဖူးထွက်ကြတာပါတစ်နှစ်ကိုတစ်ခေါက်ထွက်ပြီးတော့ အပြစ်တွေကိုဆေးကြောတယ်ပေါ့ဗျာရွာထဲကလည်း လိုက်ချင်တဲ့လူကခပ်များများရယ် ဒီနှစ်သွားရင်သူ့ကိုခေါ်ပါ ငါ့ကိုခေါ်ပါနဲ့ပေါ့ ဒါပေမဲ့မထွက်ခင်မှာကို မင်းသားမှာကအမည်မပေါ်တဲ့ရောဂါဖြစ်လာခဲ့တယ် ဆရာဝန်နဲ့ပြတော့လည်းမည်မည်ရရမပေါ် ဒီလိုနဲ့ကန်ဝါက ဂင်္ဂါမြစ်မှာအပြစ်တွေဆေးကြောဖို့ဆိုပြီးခရီးစတင်ခဲ့ပုံကို ရိုက်ကူးထားတာပဲဖြစ်ပါတယ် အပျင်းပြေအနေနဲ့ကြည့်ရှုဖို့ဆိုမဆိုးလှတဲ့ကားမို့ အချိန်တွေပိုနေမယ်ဆိုရင်တော့ ကြည့်ရှုသင့်ပါကြောင်း