Patagonia HD

Patagonia

Drama HD 2023-09-14 5 112 Min

၂၀၂၃ ခုနှစ်ထွက် အီတလီစကားပြော BL ဒရမ်မာ ရုပ်ရှင်လေးဖြစ်ပါတယ်။“ယူရီဆိုတာ အီတလီနိုင်ငံ မြို့ငယ်လေးတစ်မြို့မှာ အဒေါ်တွေရဲ့ အုပ်ထိန်းမှုအောက်မှာပဲ ကမ္ဘာတစ်ခုအဖြစ် နေထိုင်နေတဲ့အသက် ၂၀ အရွယ် အူကြောင်ကြောင်ကောင်လေးတစ်ယောက်ပါ။ ညီဝမ်းကွဲရဲ့ မွေးနေ့ပါတီမှာ ကလေးတွေကိုပျော်ရွှင်အောင်လုပ်ပေးတဲ့ ဖျော်ဖြေသူ အာဂိုစတီနိုနဲ့ တွေ့ပြီး ဟိုက သူ့ကို မင်းလိုချင်တဲ့ တစ်ကိုယ်ရေ လွတ်လပ်မှုကိုပေးမယ်ဆိုပြီး လက်ထောက်အဖြစ် ခန့်ပါတယ်။အဲဒါနဲ့ ဒွိဟတွေဖြစ်ပြီးနောက်မှာတော့ ယူရီတစ်ယောက်အာဂီုစတီနိုနဲ့ မြို့တွေပတ်ပြီးတော့ သူ့ကိုယ်သူအဖြေရှာဖို့ ၂ ယောက်သား ခရီးထွက်ခဲ့ကြရင်း ဘယ်လိုမျိုးဆက်ဆံရေးတွေ ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Toxic ဖြစ်တဲ့အချစ်ဆိုတာ ဘယ်လိုရှိတယ် ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာလည်း အချင်းချင်းသိရဖို့ ဒီအရာကဘယ်လိုကူညီပေးတယ် စသဖြင့် တင်ဆက်ပြသပေးထားပြီး သံယောဇဉ်နဲ့ လွတ်မြောက်မှုရဲ့ အဓိပ္ပာယ်အစစ်တွေကိုသူတစ်ပါးတွေနဲ့ မတူပဲ ပြင်းထန်ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖော်ကျူးထားတာဆိုလည်း မမှားပါဘူး။မိသားစုနဲ့ ကြည့်ဖို့မသင့်တဲ့ အခန်း အနည်းငယ် ပါဝင်သောကြောင့် သတိပြုစေလိုပါတယ်ဗျ။