၁၁ နှစ်သားလေး ဂျွန်ဟိုက ရေကူးကစားသမားတစ်ယောက်ပါသူဟာ ရေကူး ပါရမီရှိပေမဲ့ ပြိုင်ပွဲတွေမှာ နှမြောဖို့ကောင်းစွာ အမြဲ အဆင့် ၄ပဲ ရနေပါတယ်သားဖြစ်သူကို အားမလိုအားမရဖြစ်လာတဲ့ ဂျွန်ဟိုရဲ့အမေက သားလေး ဆုတံဆိပ်ဆုရနိုင်ဖို့အတွက် ..အရင်ကအမျိုးသားရေကူးအဖွဲ့မှာ ကစားသမားဟောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ ဂင်ဂွမ်ဆူကိုနည်းပြအဖြစ် ခန့်လိုက်ပါတော့တယ် ..အဲဒီနည်းပြကို ခန့်ပြီးတဲ့နောက် အံ့သြဖို့ကောင်းစွာ ဂျွန်ဟိုက ပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့ပါတယ် ..သူ့မိသားစုတွေ အရမ်းပျော်ခဲ့ကြတယ် အထူးသဖြင့်ဂျွန်ဟိုရဲ့အမေပေါ့ ..ဒါပေမဲ့ ဂျွန်ဟိုရဲ့ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေ အပြည့်ဖြစ်နေတာကိုတော့ ဘယ်သူမှ မသိကြပါဘူး ..ကစားသမားဘဝမှာ ရိုက်နှက်ခံရပြီးတော့ လေ့ကျင့်ရေးဆင်းခဲ့ရတဲ့ကစားသမားက နည်းပြဖြစ်လာတဲ့အခါအဲဒီပုံစံအတိုင်း သူ့တပည့်ကို ပြန်ပြီး အကြမ်းဖက်ခြင်းနည်းနဲ့ သင်ကြားတာပါပဲ ..ဒီဇာတ်ကားလေးထဲမှာတော့ မိဘက ကလေးရဲ့ ခံစားချက်ကို ထည့်မစဥ်းစားဘဲအဆင့်တက်အောင်သာ အတင်း ဖိအားပေးပုံဖော်ပြပေးထားပြီးနည်းပြနဲ့ ကစားသမားကြားက ဆက်ဆံရေးကို မြင်သာအောင် ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားတာမို့ကြည့်ရှူ အားပေးကြပါဦးနော် ..