ရီဗျူးကောင်းတစ်ချို့ရထားတဲ့ တမီးလ်ဒရာမာရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ရုပ်ရှင်ပွဲတော်မှာ ရွေးချယ်ခံရတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မီနာဆိုတဲ့ ကောင်မလေးဟာမတူညီတဲ့မျိုးရိုးက ကောင်လေးတစ်ယောက်နဲ့ မေတ္တာမျှနေတာပါသူတို့အမျိုးတွေက သဘောမတူကြသလို ဦးလေးဖြစ်သူကလည်းပန်ဒီဆိုတဲ့ လူနဲ့ လက်ထပ်ပေးဖို့ အတင်းစီစဥ်နေပါတယ်ဒါ့ကြောင့် ခေါင်းမာတဲ့မိန်းကလေးကို မကောင်းဆိုးဝါးဝင်ပူးတယ်လို့ထင်ပြီး နှစ်ဖက်အမျိုးစုံလင်စွာ ဆရာတစ်ပါးထံ မကောင်းဆိုးဝါးနှင်ဖို့ ခေါ်သွားကြတဲ့အခါ…တကယ်ရော မကောင်းဆိုးဝါးဝင်ပူးတာ ဟုတ်ပါ့မလား လူတန်းစားခွဲခြားမှု၊အိန္ဒိယကျေးလက်ထုံးစံအယူသီးမှုနဲ့ အချုပ်အနှောင်တွေဟာလူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တို့ကို တကယ်ပဲ လွှမ်းမိုးနိုင်သလား ကြည့်ရအောင်ပါ