၂၀၂၃ ခုနှစ်ထုတ် ဟော်လန်စကားပြော ရုပ်ရှင်လေး ဖြစ်ပါတယ်။လင်မယားတစ်တွဲဟာ ကလေးပျက်ကြတဲ့အခါ လုပ်သင့်လုပ်ထိုက်တာတွေလုပ်ရင်း တစ်ခု သိလာခဲ့ပါတယ်။အဲဒါကတော့ သူများထက်စောပြီး မိခင်နို့ရည် ထွက်နေတာပါပဲ။ဖြတ်တဲ့ဆေးသောက်မယ်ဆိုတော့လည်း ဘေးထွက်ဆိုးကျိုး ရှိတာကြောင့်ဒီတိုင်းပဲ အိမ်မှာ နို့ထိုင်ညှစ်နေမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ များပြားလာတဲ့အခါမှာတော့ နှစ်ယောက်သား မိခင်နို့လှူဘဏ်တွေကိုဆက်သွယ်ပြီး လှူဒါန်းဖို့ ပြောတဲ့အခါ အခက်အခဲလေးတွေ ရှိလာပြီးဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရိုးရှင်းစွာပဲ တင်ဆက်ထားတဲ့ဟော်လန်ကားလေးတစ်ကား ဖြစ်ပါတယ်။