သမီးကိုအလိုလိုက်တဲ့အဖေ အဖေကအရာရာပါဆိုတဲ့သမီးအမေကိုတောင်ဒီလောက်မကပ်တဲ့ကလေးကဖြစ်ရပ်ဆိုးတစ်ခုကြုံလာရတဲ့အခါ ဘယ်လိုတွေကျော်ဖြတ်သွားမလဲအဖေကိုအရမ်းချစ်တဲ့သမီး သေခြင်းဆိုတာဘာမှန်းမသိတဲ့အရွယ်မှာတင်ဖခင်ဖြစ်သူကိုဆုံးရှူံးခဲ့ရတယ် သမီးဖြစ်သူကိုအရုပ်ဝယ်ပေးဖို့မြို့တက်သွားတဲ့အဖေနဲ့အဖေပြန်လာရင်အရုပ်ရမယ်ဆိုပြီးမျှော်လင့်တကြီးစောင့်ဆိုင်းနေတဲ့သမီးလေးကတော့ထင်ထားသလိုအရုပ်လည်းမရခဲ့သလို သတင်းကောင်းလည်းမဟုတ်ခဲ့ဘူးပေါ့ဈာပနာပွဲမှာဖခင်ဖြစ်သူကိုသွားကြည့်တော့ ပုပ်ပွနေတဲ့အလောင်းတစ်ခုပဲတွေ့ခဲ့တယ်သူ့အဖေမဟုတ်ဘူးဆိုပြီး ကျောင်းတွေလစ်ပြီးအဖေဖြစ်သူကိုရှာပုံတော်ထွက်ခဲ့တာပေါ့အဖေဖြစ်သူကမြစ်ထဲမျောသွားတယ်လို့ မိခင်ကဆိုတော့ဒီမြစ်ဆီပဲတစ်နေ့တစ်နေ့သွားစကားပြောရင်း သူတွေ့ကြုံလာမှာတွေကတော့….