The Miranda Brothers HD

The Miranda Brothers

Drama HD 2024-10-25 8.3 0 Min

နိုင်ငံကျော်ဘောလုံးသမားဖြစ်လာချင်တဲ့ ဂျူလီယိုနဲ့ ရီဂါလိုအမေနဲ့ပဲကြီးပြင်းလာရပြီး ဘောလုံးကိုဝါသနာပါကြတဲ့ ညီအစ်ကို၂ယောက်ပေါ့ဒါပေမဲ့အရင်းတွေမဟုတ်ကြပါဘူး ဂျူလီယိုလေးကိုကလမ်းဘေးကကောက်ယူမွေးစားခဲ့ပြီးသားအရင်းလိုပြုစုပျိုးထောင်ပေးခဲ့တာပါ ‌သူတို့ဒေသမှာကဘောလုံးအစား ခရစ်ကတ်က ပိုနာမည်ကြီးပါတယ်ဒီတော့ခရစ်ကတ်ကစားသူတွေက ဘောလုံးဘက်ကသူတို့ကိုအမြဲအထင်သေးတဲ့စကားတွေပဲပြောတတ်ကြပါသေးတယ်တစ်နေ့တော့သူတို့၂ယောက်ကစားတာကိုဂိုအာရဲ့နာမည်အကြီးဆုံးကစားသမားကတွေ့သွားပြီးသူတို့အဖွဲ့ထဲဝင်ဖို့ကမ်းလှမ်းလာတော့ဒီညီကို၂ယောက်အတွက်တော့ ကောင်းကင်ဆီတက်ဖို့လှေကားဖြစ်လာခဲ့တာပေါ့ ဒါပေမဲ့လည်းဒီလိုအောင်မြင်မှုရဲ့နောက်မှာပေးဆပ်မှုရှိစမြဲမို့သူတို့အောင်မြင်မလား ဘာတွေပေးဆပ်ရမယ်ဆိုတာကိုတော့။။။