သာမန်အလယ်တန်းအဆင့်မိသားစုလေးတစ်စု အပေါ်ယံ သူများအမြင်မှာ ပျော်နေကြပေမယ့် အဖေဖြစ်သူက အရက်စွဲနေတဲ့အခါမှာ….အရက်စွဲနေတဲ့အဖေဖြစ်သူကြောင့် သူတစ်ယောက်တည်းပဲ မဟုတ်ပဲ မိသားစုမှာပဲဘယ်လို စိတ်ဒဏ်ရာတွေရနေလဲဆိုတာ စိတ်ကျန်းမာရေးက မိသားစုဆက်ဆံရေးမှာဘယ်လောက်အရေးပါလဲ ဆိုတာ သေချာပြပေးတဲ့ Denmark ရုပ်ရှင်တစ်ကားပါ။ကျွန်မတို့တွေ စိတ်ကျန်းမာရေးအကြောင်းပြောတဲ့အခါ မိသားစုကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေကိုပြောဖို့ ထုတ်ပြဖို့ ခဲယဥ်းတတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ်တိုင်ကစိတ်ဒဏ်ရာဖြစ်မှန်းမသိဖြစ်နေတာမျိုးတောင်ရှိပါတယ်။စိတ်ကျန်းမာရေးဆိုတာ ပေါပေါ့တန်တန် စဥ်းစားသင့်တဲ့အရာမျိုးမဟုတ်တာမို့စိတ်နေမကောင်းတော့ဘူးထင်ရင် ချက်ချင်း သက်ဆိုင်ရာအကူအညီရယူသင့်ပါတယ်။ကားထဲမှာလည်း ဖြစ်နေတဲ့ ပြဿနာတွေကို လျှစ်လှူရှူနေသရွေ့ မဖြေရှင်းရာကနေကိုယ်တင်မက ကိုယ့်မိသားစုပါထိခိုက်လာတာကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားပါတယ်။ဒီထဲမှာ အရက်စွဲနေတဲ့ အဖေ့ကြောင့် မိသားစုလေးမသာယာဖြစ်နေရာကနေ အဖေ့ကိုအရက်ဖြတ်ဖို့ကြိုးစားရင်းကနေ သူတို့ မိသားစုလေးပုံမှန်ပြန်ဖြစ်ဖို့ ကြိုးစားနေကြတာကြည်နူးဖို့ကောင်းပြီး စိတ်ကျန်းမာရေးအတွက်လည်း အများကြီးဗဟုသုတရတဲ့ ရုပ်ရှင်လေးမို့ ပရိတ်သတ်ကြီးကို တင်ဆက်ပေးလိုက်ရပါတယ်။