အိမ်ထောင့်တာဝန်၊ သားသမီးတာဝန်၊ လင်ယောကျ်ားတာဝန်တွေနဲ့ပိပြီး စိတ်ဖိအားတွေကြားပိတ်မိနေတဲ့သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်တဲ့စတဲလာဟာ တစ်နေ့မှာတော့ ကင်ဆာရောဂါကြောင့်သေရတော့မယ်ဆိုတာသိလိုက်ရပါတယ်။စတဲလာက ရောဂါကိုကြောက်ရမယ့်အစား အစစအရာရာလိုက်လုပ်ပေးနေရဆဲဖြစ်တဲ့ မူကြိုအရွယ်သားငယ်လေး၊ စိတ်အပြောင်းအလဲမြန်ဆန်တဲ့ ဆယ်ကျော်သက်အရွယ်သမီးကြီးနဲ့ စိတ်ပိုင်းဆိုင်ရာအရအားမကိုးရတဲ့ယောကျ်ားကို ချန်ထားခဲ့ရမှာ ပိုကြောက်နေခဲ့ပါတယ်။ဒါကြောင့် စတဲလာက စိတ်ဝမ်းကွဲနေတဲ့မိသားစုတွေပြန်ပေါင်းစည်းဖို့အတွက် သမီးကြီးရဲ့တိုင်ပတ်အကပြိုင်ပွဲကျင်းပရာကို မိသားစုခရီးထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။Let Go ရုပ်ရှင်ဟာ အရာရာကိုစိုးရိမ်ကြောက်ရွံနေမယ့်အစားလက်လွှတ်ပေးတတ်ဖို့လည်းလိုအပ်တာကိုပြသထားတဲ့မိသားစုDrama ကောင်းတစ်ခုဖြစ်ပါတယ်။