( A Mother and Son Story) ကတော့ ငယ်ငယ်ကတည်းကဖခင်ဆုံးပါးသွားတာကြောင့် အမေတစ်ခုသားတစ်ခုနေလာခဲ့ကြတဲ့သိပ်ချစ်ကြတဲ့သားအမိနှစ်ယောက်အကြောင်း ရိုက်ကူးပြထား ဖြစ်ပါတယ်။အမေဖြစ်တဲ့မာရီကာက အလုပ်မျိုးစုံလုပ်ပြီး သားဖြစ်တဲ့မတ်တီကိုတစ်ယောက်တည်းပြုစုပျိုးထောင်ပေးခဲ့တဲ့ ခေတ်မီတဲ့အမြင်ရှိတဲ့မိခင်တစ်ယောက်ပါ။ မတ်တီကို အစစအရာရာနားလည်မှုပေးနိုင်ခဲ့ပြီးချွေးမကိုလည်း နွေးနွေးထွေးထွေးကြိုဆိုပေးခဲ့ပါတယ်။တစ်ရက်မှာတော့ မတ်တီက အောင်မြင်မှုလမ်းကြောင်းအတွက်စင်ကာပူမှာအလုပ်သွားလုပ်ရဖို့ဖြစ်လာခဲ့ပါတယ်။အားလုံးနားလည်ပေးနိုင်ပေမယ့် မတ်တီနဲ့မခွဲနိုင်တဲ့အမေ့ကိုဝမ်းနည်းစွာနေရစ်ခဲ့ရမှာစိုးတာကြောင့် မတ်တီက နောက်အိမ်ထောင်ပြုခိုင်းဖို့စီစဥ်ပါတော့တယ်။ ဒါပေမဲ့ မတ်တီရဲ့လုပ်ရပ်ကြောင့်မာရီကာဟာ ဒေါသအကြီးအကျယ်ထွက်ပြီး သိပ်ချစ်ကြတဲ့သားအမိနှစ်ယောက်ပြဿနာတက်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့မာရီကာတစ်ယောက် မတ်တီရဲ့ကောင်းတဲ့ရည်ရွယ်ချက်ကိုလက်ခံပေးခဲ့ပါတယ်။နှစ်ပေါင်းများစွာသားဖြစ်သူရဲ့ကမ္ဘာထဲမှာ အချိန်ပြည့်လည်ပတ်နေခဲ့တဲ့မိခင်တစ်ယောက်အတွက် ကိုယ်ကိုယ်တိုင်ရဲ့ဘဝအဓိပ္ပါယ်ကိုပြန်လည်ရှာဖွေခဲ့ရပုံကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။