ကျန်းမာရေးမကောင်းတဲ့မိခင်ကို အိမ်ကူနဲ့ထားပေမဲ့အကူကခွင့်ယူလို့ အန်နာတိုလီတစ်ယောက်မြို့ပြကြီးကနေ တောရွာဆီပြန်လာဖို့အကြောင်းဖန်လာခဲ့ပါတယ်အမေတစ်ခု သားတစ်ခုဘဝဖြစ်လို့ အလုပ်တွေပစ်ပြီးငယ်ဘဝရဲ့အမှတ်တရတွေဆီပြန်ရောက်လာတဲ့သူ့အဖို့တော့အရာရာက လွမ်းဆွတ်ဖွယ်ရာပေါ့ မတူတာကတော့တောရွာဆိုတဲ့အတိုင်းမြို့ကလိုတော့ လိုသလိုမရဘူးပေါ့အိမ်မှာလိုတာတွေကိုဝယ်ဖို့ ကားတစ်စီးနဲ့အစုံလိုက်လံရောင်းချနေတဲ့လင်မယားပဲရှိပါတယ်မီးသီး နေကြာဆီကအစ အစုံရောင်းချတဲ့ကားလေးပေါ့ မနက်ဆို ရွာကအုပ်စုလိုက်တန်းစီပြီးလိုတာအလုအယက်ဝယ်ရတာကလည်း ကြည်နူးဖွယ်ရာတစ်ခုလို ..ဒီလိုလူအုပ်ထဲ တိုလီလည်းပါတယ်ပေါ့ တစ်နေ့တော့ငယ်ဘဝရဲ့ချစ်ရတဲ့အမျိုးသမီးနဲ့ပြန်တွေ့ဆုံမိပြီးဘဝတစ်လျှောက်ချခဲ့တဲ့ဆုံးဖြတ်ချက်တွေက ရောင်ပြန်ဖို့ဖြစ်လာတဲ့အခါမှာတော့…