၁၈ ရာစု အနုပညာထွန်းကားမှု အထွတ်ထိပ်ကိုရောက်နေတဲ့ခေတ်မှာအင်ဒိုစတန်တစ်ခွင်မှာ ဒိတ်ဒိတ်ကြဲကျော်ကြားတဲ့ကချေသည်တစ်ယောက်ရှိပါသတဲ့။ သူ့ရဲ့နာမည်ကတော့ ဖူလ်ဝမ်တီပါ။ဖူလ်ဝမ်တီကို လက်တွေ့မြင်ဖူးတဲ့သူမရှိပေမဲ့သူ့ရဲ့ဟိုးလေးတကျော်ဂုဏ်သတင်းတွေနဲ့အတူ အနုပညာကို ကိုးကွယ်ပြီး တော်ရုံဖျော်ဖြေဖို့ခေါ်လို့မရတာကလည်း ဖူလ်ဝမ်တီကို လူတွေအကြားမှာပိုပြီးတော့ ရေပန်းစားစေတာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့လူတွေက မရနိုင်တဲ့မနွမ်းပန်းကိုမှ လှမ်းဆွတ်ချင်ကြတာသဘာဝဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။ဒါပေမဲ့ ဖူလ်ဝမ်တီကလည်း ခေသူတော့မဟုတ် ၊ ဒေလီဧကရာဇ်မင်းရဲ့ချီးမြှောက်မှုကိုတောင်မှ ငြင်းဆန်ဝံ့တဲ့သူမျိုး အနုပညာရဲ့တန်ဖိုးကိုထိပါးတယ်ထင်ရင် ရှင်ဘုရင်ကိုတောင် ချွင်းချက်ထားမယ့်သူမျိုးမဟုတ်ပါဘူး။ဒီလိုနဲ့ ဖူလ်ဝမ်တီတစ်ယောက် ပက်ရှ်ဝါတိုင်း ပူနဲကိုလာပြီးတော့ ဖျော်ဖြေဖို့လာရောက်ဖိတ်ခေါ်မှုနဲ့အတူ ပူနဲကို ရောက်လာချိန်မှာတော့ နေရာတိုင်းကပုရိသတို့ရဲ့ ပါးစပ်ဖျားမှာ ဖူလ်ဝမ်တီဆိုတဲ့နာမည်က ပျံ့လွင့်နေတာပေါ့။ဒါပေမဲ့ ရုတ်တရက် ရှာစထရီဆိုတဲ့သူ ရောက်လာချိန်မှာ ပြည်သူတွေရဲ့အာရုံကဖူလ်ဝမ်တီဆီကနေ ရှာစထရီဆိုသူဆီ ရုတ်တရက်ပြောင်းလဲသွားခြင်းနဲ့အတူဒီရှာစထရီအပေါ် သူ့ရဲ့စိတ်ဝင်စားမှုတွေ တိုးလာချိန်မှာတော့…