ဘောလုံးအားကစားနဲ့ မိသားစု၊ သူငယ်ချင်းနဲ့ ချစ်ရသူတို့ကြားက နွေးထွေးတဲ့ချစ်ခြင်းတရားကို ရိုက်ကူးပုံဖော်ထားတဲ့ နိုင်ဂျီးရီးယားရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေအောင်မြင်တဲ့ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ဆိုတဲ့ အိပ်မက်နောက်ကို လိုက်ရမလား၊ အမေဖြစ်စေချင်တဲ့ စကော်လာရှစ်ရဖို့ကြိုးစားပြီး နိုင်ငံခြားကိုကျောင်းသွားတက်ရမလား ဝေခွဲမရဖြစ်နေတဲ့အိုင်ဘီကေ..လက်ရှိသူကစားနေတာ ရီမိုစတားဆိုတဲ့ ဘောလုံးအသင်းတစ်ခုမှာ။ အကောင်းဆုံးကစားသမားဆုရတဲ့လူက ဒေါ်လာနှစ်သိန်းအပြင် ဥရောပကိုပါသွားကစားဖို့အတွက်ရွေးချယ်မဲ့လူငယ်စိန်ခေါ်ဖလားပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အိုင်ဘီကေ..အမေဖြစ်သူ အစ်မဖြစ်သူနဲ့နေရင်း သူ့ကိုဘောလုံးကစားဖို့ အားပေးခဲ့သူ၊ ဆုံးသွားတဲ့အဖေဖြစ်သူကသူ့အဖေရင်းမဟုတ်တာကိုသိလိုက်ရတဲ့အချိန်..ဖိုင်နယ်ပွဲနဲ့ စကော်လာရှစ်ရဖို့စာမေးပွဲဖြေရမဲ့ရက်က တစ်ရက်တည်းဖြစ်လာတဲ့အခါမှာတော့..မိသားစုအရှုပ်အရှင်းတွေနဲ့ အိုင်ဘီကေတစ်ယောက်ဘယ်အရာကိုရွေးချယ်မလဲဆိုတာခံစားကြည့်ရှုကြပါဦး။