OK Baytong HD

OK Baytong

Drama HD 2003-12-26 6.318 98 Min

ထန်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ ငယ်ငယ်ကတည်းက သာသနာ့ဘောင်ဝင်ပြီး ‌ဘုန်းကြီးကျောင်းမှာပဲ နေထိုင်ခဲ့ပါတယ်…တစ်နေ့မှာတော့ အစ်မဖြစ်သူရဲ့ သေဆုံးမှုသတင်းကိုကြားပြီး အစ်မဖြစ်သူနေထိုင်တဲ့ ဘေသုန်မြို့ကို လိုက်သွားခဲ့ပါတယ်…ထန်ရဲ့ အစ်မမှာ သမီးလေးတစ်ယောက်ကျန်ခဲ့ပြီး တစ်ဦးတည်းသောတူမလေးကိုအုပ်ထိန်းမဲ့သူမရှိတာကြောင့်ထန်တစ်ယောက် ဘုန်းကြီးဘဝကနေ လူဝတ်လဲခဲ့ရပါတယ်…တူမလေးကို စောင့်ရှောက်ရင်းနဲ့ အစ်မဖြစ်သူရဲ့ လုပ်ငန်းတွေကိုပါဆက်လက်ထိန်းသိမ်း‌ပေးဖို့ဖြစ်လာခဲ့တယ်…ဒါပေမဲ့ ငယ်စဉ်ကတည်းက သာသနာ့ဘောင်မှာကြီးပြင်းခဲ့တာကြောင့်သာမာန်လူတွေနဲ့ ရင်ဘောင်တန်းရတဲ့ လောကီရေးရာတွေမှာ အခက်အခဲတွေအများကြီးတွေ့ကြုံတွေ့ခဲ့ရပါတယ်…အစ်မဖြစ်သူရဲ့ သေဆုံးမှုကရော ပုံမှန်ဟုတ်ရဲ့လား…လူတွေရဲ့ စိတ်နေသဘောထားတွေ ယုံကြည်ကိုးကွယ်မှုတွေ အတွေးအမြင်အယူအဆတွေ စသဖြင့်…ရှုပ်ထွေးလှတဲ့လူ့ဘောင်လောကမှာ ဘုန်းကြီးလူထွက်လေး ထန်တစ်ယောက် ဘယ်လိုနေထိုင်သွားမှာလဲ…ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြပါရှင်…