၁၉၆၀ နှောင်းပိုင်း အမေရိကမှာ လူမည်းတွေပေါများလာခဲ့တဲ့အချိန် နစ်ကယ်အကယ်ဒမီ လို့ ခေါ်တဲ့ လူမည်းလူငယ်တွေကို ပြုပြင်ထိန်းသိမ်းတဲ့ကျောင်းတစ်ခုရှိခဲ့ပါတယ်။ဒီကျောင်းဟာတော့အပြင်ပန်းမှာတော့ ငွေကြေးမတတ်နိုင်တဲ့ကျောင်းသားတွေ ထူးချွန်ပေမယ့်လည်း ဘဝအခွင့်အရေးမပေးတဲ့ လူမည်းတွေကို လူမည်းတွေသီးသန့်အခွင့်ရေးပေးတဲ့ဘော်ဒါကျောင်းအဖြစ် ရည်ရွယ်ထားခဲ့တာပါဒါပေမဲ့ဖြစ်ချင်တော့ အဲဒီကျောင်းဟာ လူအများသိသလို ပရဟိတကျောင်း ဟုတ်မနေဘဲနဲ့ အတွင်းပိုင်းမှာကျောင်းသားတွေကို နှိပ်စက်ပြီး ကျွန်သဖွယ် ကျောင်းကိုဦးစည်းနေတဲ့သူတွေအတွက် အလုပ်လုပ်ပြီးငွေရှာခိုင်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်နေပါတယ်။တစ်နေ့ အယ်လ်ဝုဒ်လို့ခေါ်တဲ့ကျောင်းသားလေးဟာ အထက်တန်းကျောင်းမှာ ထူးချွန်ပြီး နစ်ကယ်အကယ်ဒမီကိုရောက်သွားခဲ့ပါတယ်အယ်လ်ဝုဒ်ကျောင်းထဲရောက်သွားတဲ့အခါမှာ ကျောင်းထဲကသူ့လို တခြားသူတွေ ဘယ်လိုဘဝမျိုးရောက်နေလဲဆိုတာကို ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။