Now You See Me, The Social Network, Vivarium စတဲ့ဇာတ်ကားကောင်းတွေ အများကြီးထွက်ထားတဲ့ကျွန်တော်တို့ရဲ့ DC Universe က Lex Luther တစ်ဖြစ်လဲ မင်းသားချော Jesse Eisenberg နဲ့အတူHow I Met Your Mother ထဲက လူရိုးကြီးမာရှယ်အဖြစ် ပရိတ်သတ်သိထားတဲ့ Jason Segel တို့နှစ်ယောက်အဓိကသရုပ်ဆောင်ထားတဲ့ကားဆိုတော့ ထွေထွေထူးထူး ပြောစရာမလိုဘူးထင်ပါတယ်1996ခုနှစ်တုန်းက ဆုတွေတစ်သီကြီးရခဲ့တဲ့The Infinite Jest ဝတ္ထုရဲ့စာရေးဆရာ David Foster Wallace ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးရှင်းရှင်းပဲနာမည်အရမ်းကြီးနေတဲ့ဝတ္ထုရေးဆရာကို သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲလုပ်တဲ့ ငါးရက်တာခရီးစဉ်မှာ စာရေးဆရာပေါက်စ David Lipsky က အင်တာဗျူးလုပ်တဲ့အကြောင်းပါDavid Lipsky ကိုယ်တိုင်ကလည်းနာမည်ကြီးစာရေးဆရာတစ်ယောက်ဆိုပေမယ့် ဒီအင်တာဗျူးလုပ်တဲ့အချိန်မှာတော့ စာအုပ်တစ်အုပ်ပဲ ထုတ်ရသေးတဲ့အချိန်ပေါ့ဒီဇာတ်ကားထဲမှာ အဓိကမြင်တွေ့ရတာက David Foster Wallaceတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အတွေးအခေါ်နဲ့ အနုပညာကို တန်ဖိုးထားတာတွေပေါ့David ရဲ့စာအုပ်တွေကို ဖတ်လိုက်လို့ရှိရင် ကိုယ်တိုင် David Fosterဖြစ်သွားတယ်လို့ပြောကြတယ်ဒီဇာတ်ကားမှာလည်း အဲ့လိုခံစားမှုမျိုးကိုပေးနိုင်စွမ်းရှိအောင် ဒါရိုက်တာက အားထုတ်ထားတဲ့ပုံပါပဲDavid က သူ့ရဲ့စာပေအနုပညာတွေက ပရိတ်သတ်အတွက်အဆိပ်အတောက်ဖြစ်နေမှာ ဂျင်းဖြစ်နေမှာမျိုးတွေ သိပ်ကြောက်ပါတယ်အဲ့အတွက်ကြောင့်လည်း သူတော်တော်စိတ်ဖိစီးတဲ့ဒါဏ်ကို ခံစားရတယ် ဒါက ကျွန်တော်တို့ဆီက စာရေးဆရာဆိုတဲ့လူတွေအနုပညာရှင်ဆိုတဲ့လူတွေနဲ့ မတူတဲ့အချက်ပေါ့စာပေအနုပညာကို ချစ်မြတ်နိုးတယ်ဆိုရင် ဒီဇာတ်ကားက ကြည့်ကိုကြည့်သင့်တဲ့ကားပါ