ဆွီဒင်မြောက်ပိုင်းကျေးရွာတစ်ခုမှာ သူ့အမေနဲ့ ပထွေးနဲ့အတူ နေထိုင်တဲ့ ၁၃ နှစ်အရွယ်ကလေးမလေး Jackie ရဲ့ဘဝကို အခြေခံထားပါတယ်။Jackie တစ်ယောက် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Novaနဲ့အတူ ရွာထဲမှာ မြင်းစီး၊ ထွန်စက်မောင်း၊ မူးယစ်ဆေးသုံးစတဲ့ လုပ်နေကျလူငယ်အလုပ်တွေလုပ်ရင်း တစ်နေ့မှာတော့ Nova သူနဲ့အတူ ဆေးသုံးရင်း သေသွားခဲ့တယ်။သူ့အချစ်ဆုံးသူငယ်ချင်းကိုဆုံးရှုးလိုက်ရတာကြောင့် ပူဆွေးဝမ်းနည်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေပေါ်လာတဲ့ Jackie က Nova သေဆုံးသွားရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်ချင်ခဲ့တယ်။အဲဒီအတွက် သူတိုကိုဆေးပေးခဲ့တဲ့ ရွာက မှောင်ခိုမူးယစ်ဆေးရောင်းသမားတစ်ဖြစ်လဲ စာပိုသမား Casper အိမ်မှာ အတူနေထိုင်ပြီး အဲဒီညနေက ဖြစ်ရပ်မှန်ကိုရှာဖွေဖို ကြိုးစားပါတော့တယ်…။