Bottle Radha HD

Bottle Radha

Drama HD 2025-01-24 8.3 149 Min

ဒီဇာတ်ကား‌‌လေးမှာတော့ မူးယစ်ဆေး၊ အရက် စွဲလမ်းသူ‌တို့ရဲ့ဘဝအ‌နေအထားကိုစိတ်လှုပ်ရှားဖွယ်ဒရမ်မာလေးတွေအပြင် ဟာသလေးပါနှောပြီး တင်ဆက်ထားပါတယ်။ရာ့ဒ်ဟာက သူ့အလုပ် ကြွေပြားကပ်လုပ်ငန်းမှာအရမ်းကိုကျွမ်းကျင်သူတစ်ဦးပါ။ ဒါပေမဲ့သူကအရက်ကိုမသောက်ရ မနေနိုင်စွဲလမ်းနေပါတယ်။အရက်ကိုအမြဲသောက်နေပြီး အချိန်တိုင်းမူးနေတဲ့အတွက်သူ့ရဲ့ စီးပွားရေး လူမှုရေးတွေ ထိခိုက်လာရပါတယ်။သူ့ဒဏ်ကိုအခံရဆုံးကတော့ သူဆွေမျိုးတွေနဲ့ သူ့မိသားစုပေါ့။သူ့ဇနီးဖြစ်သူအန်ဂျလမ်က သူ့ဒဏ်ကိုမခံနိုင်တော့တဲ့အဆုံးတစ်ဖက်လှည့်နဲ့သူ့ကိုလည်းအသိမပေးဘဲ ရာ့ဒ်ဟာကိုပြန်လည်ထူထောင်ရေးစင်တာကို ပို့လိုက်ပါတော့တယ်။ဒီလိုနဲ့ယစ်ထုတ်ကြီး ရာ့ဒ်ဟာက ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရာကနေသူတို့ရဲ့လုပ်ငန်းစဉ်တွေကို လိုက်နာလာရပါ‌တော့တယ်။မူးယစ်ဆေး၊ အရက်စွဲလမ်းသူတို့ရဲ့ စိတ်နေစိတ်ထား၊ ပြတ်ဖို့ကြိုးစားပုံ၊မိသားစုချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးမှုတွေကို ခံစားသိရှိရဖို့ စီးမြောကြည့်ရှုကြရအောင်ပါ။