Good Will Hunting FHD

Good Will Hunting

Drama FHD 1997-12-05 8.2 127 Min

ဒီဇာတ်ကားက IMDB- 8.3/10 နဲ့ RT- 97% တောင် Rating ရထားတဲ့ ဇာတ်ကားပါ..ရုပ်ရှင်ပရိတ်သတ်တွေကတော့ “Good doesn’t describe” (ကောင်းတယ် ဆိုတဲ့စကားလောက်နဲ့ မပြည့်စုံဘူးလို့ပြောကြတဲ့ဇာတ်ကားပါ ထူးခြားတာက ဒီကားရဲ့ဇာတ်ညွှန်းကိုဇာတ်ကားရဲ့ အဓိကနေရာက သရုပ်ဆောင်ထားကြတဲ့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးမက်ဒေမွန်(Matt Damon)နဲ့ ဘန်အဲဖလက်(Ben Affleck)ကိုယ်တိုင် ရေးထားတာပါ…သူတို့နှစ်ယောက်ကဇာတ်ညွှန်းအကယ်ဒမီဆုရ၊ Robin Williams ကအကယ်ဒမီဇာတ်ပို့ဆုနဲ့အတူ အခြားရုပ်ရှင်ဆု ၂၂ ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားပါ –——- ကမ္ဘာကျော်သင်္ချာပါရဂူကြီးတွေ နှစ်နဲ့ချီပြီးသက်သေပြဖို့ကြိုးစားရတဲ့သင်္ချာပုစ္ဆာမျိုးတွေကို တစ်ထိုင်တည်းနဲ့ သက်သေပြနိုင်တဲ့ ဆယ်ကျော်သက်အရွယ် ဂျစ်ကန်ကန်ကောင်လေးတစ်ယောက် မိဘမဲ့ခြေဦးတည်ရာမဲ့ဆိုးဖော်ဆိုးဖက်တွေနဲ့မူးအောင်သောက် ဘဝကို ကြုံသလိုဖြတ်သန်း ဒါပေမယ့်သူဟာ ဂျီးနီးယက်စ်တစ်ယောက် သူ့ရဲ့ဦးနှောက်က Genius-level IQ နဲ့ သူဟာသူ့အင်ပါယာမှာ သူ့ဥပဒေနဲ့နေထိုင်တဲ့သူ သံယောဇဉ်တွယ်ရမှာကိုကြောက်တယ်…လူတွေရဲ့ သမားရိုးကျအတွေးအခေါ်တွေကို ရွံတယ် ဒီလိုနဲ့ သူ့ရဲ့အရည်အချင်းကိုField’s Medal (သင်္ချာပါရဂူ)ဆုရှင်ပရော်ဖက်ဆာတစ်ယောက်ကသတိထားမိသွားတယ်....ဖြစ်နိုင်ရင်အညွှန်းကိုတစ်လုံးမှမရေးဘဲတင်လိုက်ချင်တာ….ဘာလို့ဆို ဒီကားရဲ့ရသတွေဟာ ကျွန်တော့်ရဲ့ခပ်ညံညံရေးသားချက်အောက်မှာ မှေးမှိန်သွားမှာစိုးလို့ပါ…