ဟေမာဆိုတဲ့ တော်သူမလေးဟာ မြို့သားတစ်ယောက်နဲ့အိမ်ထောင်ပြုလက်ထပ်ကာ မွမ်ဘိုင်းမြို့ပေါ်ကို ပြောင်းရွှေ့ အခြေချခဲ့ပါတယ်။လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားတဲ့အတွက်ငယ်ရွယ်နုပျိုဆဲဟေမာလေးခမျာဟာ မုဆိုးမဘဝကို ရောက်ချင်းမလှရောက်သွားခဲ့ရရှာတာပေါ့။ဒီလို့နဲ့ပဲ အိပ်မက်အကြီးကြီး ရှိခဲ့ဖူးတဲ့ ဟေမာလေးဟာ သူ့ရဲ့ အိပ်မက်ကြီး ကျိုးပဲ့ပျက်စီးသွားတဲ့အပြင်အသက်မွေးဝမ်းကျောင်းပြုဖို့ရာ အိမ်ဖော်အလုပ်ကို ရွေးချယ်ခဲ့ရပါတော့တာ်။ဒီလိုနဲ့ တနေ့မှာတော့ သူအလုပ်လုပ်နေတဲ့အိမ်ကသူဌေးလေးကို သဘောကျမိသွားရာနေ ဘာတွေဆက်ဖြစ်ကြမှာလဲ…သူ့ရဲ့ အိပ်မက်တွေကရော ပြည့်နိုင်မှာလား…ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုအားပေးကြပါဦးလို့ …