Millers in Marriage HD

Millers in Marriage

Drama HD 2025-02-21 6.6 117 Min

တစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် အချစ်ဇာတ်လမ်းဒရမ်မာတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။မက်ဂီမစ်လာ၊ အန်ဒီမစ်လာနဲ့ အိဗ်မစ်လာဆိုတာမစ်လာမောင်နှမသုံးယောက်ဟာ အောင်မြင်နဲ့အနုပညာဘဝကိုယ်စီနဲ့ဘဝကိုတည်တည်ငြိမ်ငြိမ်ဖြတ်သန်းနေကြပါတယ် ။ဒါပေမဲ့သူတို့အားလုံးရဲ့ အိမ်ထောင်ရေးတွေကတော့ အဆင်မပြေလှပါဘူး။ကလေးတွေကောလိပ်တက်လို့လင်မယားနှစ်ယောက်စီပဲကျန်ကြတဲ့အခါ ရှောင်လွှဲမရတဲ့အိမ်ထောင်ရေးငြီးငွေ့မှုကို ကျော်ဖြတ်နိုင်ဖို့ မောင်နှမသုံးယောက်သားကိုယ်စီအဖြေရှာကြပါတယ် ။ဒီလိုအဖြေရှာရင်း ဘဝရဲ့ အချိုးအကွေ့တွေမှာကြုံခဲ့ဖူးတဲ့ အဆက်ဟောင်းတွေကိုပြန်တွေ့ရာကနေ သူတို့ရဲ့ဘဝရွေးချယ်မှုကို ပြန်မေးခွန်းထုတ်မိလာကြပါတယ် ။ဆယ်စုနှစ်နဲ့ချီလက်တွဲလာကြတဲ့ အိမ်ထောင်ဖက်တွေဟသူတို့ရဲ့ပါရမီဖြည့်ဖက်အစစ်အမှန် စ်ပါ့မလား။ဘဝရဲ့ ကျန်ရှိတဲ့သက်တမ်းကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ချပြီး မှန်ကန်တဲ့သူကို ရွေးချယ်နိုင်မှာလား။မြင်နေကျ ဆယ်ကျော်သက်လူငယ်ရဲ့ ဆူလွယ်ပွယ်လွယ် အချစ်ဇာတ်လမ်းတွေလိုမဟုတ်ပဲသက်ကြီးပိုင်းတွေရဲ့ တည်ငြိမ်တဲ့အချစ်ပုံပြင်တွေကို ကြည့်ရမှာဖြစ်တာကြောင့် အမြင်ဆန်းနေမှာတော့ အသေအချာပါပဲ ။မောင်နှမသုံးယောက်အဖြစ် ဂျူလီယာနာ မာဂျူလီးစ်, အက်ဒ်ဝဒ်ဘန်းစ်နဲ့ဂရက်ချန်မောတို့ကသရုပ်ဆောင်ထားကြပြီး Deadpool မင်းသမီး မိုရီနာဘက်ကာရင်နဲ့Conjuring မင်းသား ပက်ထရစ်ဝီလ်ဆန်တို့ကလည်း ပါဝင်အားဖြည့်ထားပါတယ်။မောင်နှမသုံးယောက်ရဲ့မတူညီတဲ့အချစ်ဇာတ်လမ်းသုံးပုဒ်ကိုဇာတ်လမ်းအတက်အကျညီညီနဲ့ ငြိမ့်ငြိမ့်လေးစီးမျောရင်း ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ရပါတယ်။