နီရှားဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ပါကစ္စတန်မိသားစုကနေမွေးဖွားလာသူပါ…ပါကစ္စတန်လူမျိုးဖြစ်ပေမဲ့လည်း ကြီးပြင်းခဲ့တာကတော့ နိုင်ငံရပ်ခြားနော်ဝေးမှာပေါ့…သူမဟာအိမ်မှာမိဘတွေရှေ့မှာတော့ ရိုးရာဓလေ့တွေကိုလိုက်နာတဲ့သူတစ်ယောက်ဖြစ်ပြီးနာက်ကွယ်မှာတော့လူငယ်ဆန်ဆန် နိုင်ငံရပ်ခြားက အပေါင်းအသင်းတွေနဲ့ပျော်ပျော်ပါးပါးလွတ်လွတ်လပ်လပ်နေလေ့ရှိပါတယ်…တစ်နေ့မှာတော့ ကောင်လေးတစ်ယောက်နဲ့ နီရှား အိပ်နေတာကိုသူ့အဖေက တွေ့သွားခဲ့ပါတယ်နော်ဝေးလိုနိုင်ငံမျိုးမှာကောင်လေးတစ်ယောက်နဲအိပ်တာမဆန်းပေမဲ့ပါကစ္စတန်လူမျိုးတို့ ဓလေ့ထုံးတမ်းအရ အရမ်းကိုစက်ဆုပ်စရာဖြစ်နေတယ်…သတ်ချင်လောက်အောင်ဒေါသထွက်နေပေမဲ့အဖေဖြစ်သူဟာ ပါကစ္စတန်က အမျိုးတွေထံပြန်ပို့လိုက်တယ်…ဒီကားက Dramaကားတွေထဲမှာ ရည်ရွယ်ချက်လည်း ကောင်းသလို ပေးချင်တဲ့ message လေးတွေလည်းလှပတဲ့အတွက်ကြောင့်မို့လို့အကောင်းဆုံးရုပ်ရှင်ဆု၊အကောင်းဆုံးဒါရိုက်တာဆု၊မင်းသမီးဆု၊မင်းသားဆုတွေရရှိခဲ့ပါတယ်…Rating တွေကလည်းအကောင်းဆုံးအနေအထားမှာရှိလို့ Dramaကားကောင်းကြိုက်သူတို့ခံစားကြည့်လိုက်ပါဦးဗျို့…