ကိုယ့်ဘဝကိုယ်မေ့ထားက မိသားစုအတွက်စွန့်လွှတ် အနစ်နာခံပြီး အမေအိုကြီးကိုအလုပ်အကျွေးပြုနေခဲ့တဲ့ သမီးအလိမ္မာလေး တာရာ ခန်းနာဟာအမေနဲ့ သူငယ်ချင်းတို့ရဲ့ တိုက်တွန်းမှုတွေကြောင့် ရည်းစား စထားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။သို့ပေမဲ့လည်း ကိုယ်စီးတဲ့မြင်း အထီးမှန်းမသိ အမမှန်း မသိဆိုသလိုပဲတွဲပြီး ၃လအကြာမှ သူတွဲနေတဲ့အာရဖ်ဆိုသူဟာ အိမ်ထောင်သည်မှန်း သိလိုက်ရတဲ့အခါ…အစကတည်းက နောက်ကြောင်းမစုံစမ်းဘဲ ရွေးချယ်ခဲ့တဲ့ တာရာခန်းနားရဲ့ အမှားလား…မယားကြီးအရင်းခေါက်ခေါက် ရှိပါလျက်နဲ့ အပျော်ရှာတဲ့ အာရဖ်ကပဲမှားသလား…ဘယ်လိုဇာတ်ရှုပ်တွေ ဆက်ပြီးပေါ်ထွက် လာမလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့…