သိပ်မမြင်ရတတ်တဲ့ ရုပ်ရှင်တွေဖြစ်တဲ့ Serbian ရုပ်ရှင်တစ်ကားပါ။ မိသားစုတစ်ခုအကြောင်းပါ။မောင်နှမသုံးယောက်ရှိတယ်။ တူမလေးတစ်ယောက်ရှိတယ်။ တူမလေးရဲ့အဖေ မောင်နှမထဲက အကြီးဆုံးကသူ့မိန်းမဆုံးသွားဖူးတယ်။ဒီဒဏ်ရာက ထရော်မာတစ်ရပ်လိုဖြစ်နေတဲ့ သူ့ဘဝကြီးထဲ သူ့ညီမတွေ ညီတွေနဲ့ ဆက်ဆံရေးတွေ မိတ်ဆွေတွေနဲ့ ဆက်ဆံရေးတွေမှာပါ အဖုအထစ်တစ်ချို့ရှိနေခဲ့တယ်။ဒီရုပ်ရှင်ရဲ့ဇာတ်အိမ်စတဲ့နေရာကတော့ ဒါတွေကို ကုစားတော့မယ့်အချိန်မတိုင်ခင်လေးတင်ပဲ။ သူ့ဒဏ်ရာတွေကို သူဘယ်လိုလက်ခံပြီး ဆက်ဆံရေးတွေကို ဘယ်လိုတည်ဆောက်မလဲ ဒီရုပ်ရှင်မှာ မြင်ရမှာပါလွယ်လွယ်ပြောရရင်တော့ နောက်ခံသီချင်း ကောင်းကောင်းလေးတွေနဲ့ မိသားစုဒရာမာကားပါပဲ။