London ကနေ မလေးရှားက Bario လိုခေါ်တဲ့ ရွာငယ်လေးတစ်ရွာကို အနားယူဖို့ထွက်လာတဲ့ ဓာတ်ပုံဆရာ Hanafi တစ်ယောက် သူ ရွာမှာ စိတ်အပန်းဖြေရုံပဲလို့ ထင်ခဲ့တယ်။ဒါပေမဲ့ Rinai လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံပြီး Rinai နဲ့ ရင်းနှီးအောင် ကြိုးစားချင်ပေမဲ့ ရွာသားတွေရဲ့ Rinai အပေါ် ထူးခြားတဲ့ အကာအကွယ်လွန်ကဲမှုတွေကို တွေ့လာရတယ်။ဒီလိုနဲ့ Hanafi တစ်ယောက်ရွာမှာအပန်းဖြေရင်း Rinai နဲ့ ရွာသားတွေရဲ့ သံယောဇဉ်တွေကို သဘောပေါက်လာပြီး ရွာရဲ့ Rinai အပေါ် လျှို့ဝှက်ချက်ကိုပါ သိလာတဲ့အခါမှာ Rinai ကို ဘယ်လိုတွေကူညီသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုရမဲ့ ကြည်နူးစရာ မလေးရှားဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။