Snowy Road HD

Snowy Road

Drama HD 2015-03-01 6.8 121 Min

ဂန်ယောင်းအယ် (Kim Sae Ron)နဲ့ ချွဲဂျုံဘွန်း (Kim Hyang Gi)တို့ဟာတစ်ရွာတည်းမှာမွေးဖွားလာတဲ့ သက်တူရွယ်တူ ကောင်မလေးနှစ်ယောက်ဖြစ်ပေမဲ့ မိသားစု နောက်ခံအသိုင်းအဝိုင်းကတော့ လုံးဝကွဲပြားလှပါတယ် .. ။ယောင်းအယ်က ချမ်းသာတဲ့ မိသားစုမှာ ကြီးပြင်းလာသူဖြစ်သလို လှပထက်မြက်ပြီးပညာထူးချွန်တာမိုလို့ ဂျပန်ကို ပညာတော်သင်သွားဖို့ ရွေးချယ်ခံထားရသူဖြစ်ပါတယ် .. ။ဂျုံဘွန်းကတော့ တက်ကြွပြီး ရဲရင့်ပေမဲ့ ဆင်းရဲပြီး ပညာသင်ယူခွင့်မရရှိခဲ့တာကြောင့် ပညာထူးချွန်တဲ့ ယောင်းအယ်ကိုအားကျပြီး ဂျပန်ကို ပို့ပေးဖို့ အမေကို အမြဲပူဆာနေတဲ့သူလေးပေါ့ ..တစ်နေ့မှာတော့ ဂျုံဘွန်းရဲ့အမေဟာ ဆော့ချွန်းကို ပန်းကန်တွေ သွားရောင်းရမှာဖြစ်လို့ဂျုံဘွန်းနဲ့ သူ့မောင်လေး ဂျုံဂီကို အိမ်မှာနှစ်ယောက်တည်း ထားခဲ့ရပါတယ် ..အဲဒီနေ့မှာပဲ ဂျပန်စစ်သားတွေက အိမ်ထဲကိုကျူးကျော်ဝင်ရောက်လာကာ ဂျုံဘွန်းကိုပြန်ပေးဆွဲပြီး ရထားတစ်စင်းပေါ်ကို အတင်းဆွဲခေါ်သွားပါတယ် ..ရထားပေါ်ကို ရောက်တဲ့အချိန်မှာ ဂျုံဘွန်းဟာ သူနဲ့သက်တူရွယ်တူကောင်မလေးတွေအများကြီးအပြင် သူအားကျရတဲ့ .. ဂျပန်ကို ပညာတော်သင်သွားရမယ်ဆိုပြီးလှည့်စားခံထားရတဲ့ ယောင်းအယ်ကိုပါ တွေ့လိုက်ရပါတော့တယ် ..အရင်ကကံကြမ္မာမတူညီခဲ့ပေမဲ့ ဂျပန်စစ်သားတွေ ပြန်ပေးဆွဲလာတဲ့ရထားပေါ်ကိုရောက်တော့မှဆိုးရွားတဲ့ကံကြမ္မာချင်း တူညီသွားတဲ့ ဒီကောင်မလေးနှစ်ယောက်ဟာ ရှေ့ဆက်ဘယ်လိုဖြစ်ကြမလဲအရင်ခေတ် ဂျပန်စစ်သားတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို မျက်ဝါးထင်ထင်မြင်ရအောင်ရိုက်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းဖြစ်လို့ ညွှန်းပေးလိုက်ပါတယ်နော် ..