Romance/Drama type ကိုမှ ငြိမ့်ငြိမ့်လေးနဲ့ ကြည့်ချင်တဲ့သူတွေအတွက် ညွှန်းပေးချင်တဲ့ movie လေးပါ။2019 ကထွက်ရှိထားတာဖြစ်ပြီး အာအိုအိအဖြစ် Miyauchi Hitomi နဲ့ ဂျီအိုအဖြစ် Lee Byung Hun တို့ကအဓိက ပါဝင်ထားပြီး ကိုရီးယား-ဂျပန် ဖက်စပ်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အာအိုအိဆိုတဲ့တိုကျိုမှာ ဓာတ်ပုံပညာကို လေ့လာနေတဲ့ကောင်မလေးက နှလုံးအစားထိုးခွဲစိတ်ကုသမှုခံယူခဲ့ရပြီးသူ့ဦးလေးရှိတဲ့ အိုကီနာဝါက ကျွန်းလေးတစ်ကျွန်းမှာ နေပြန်ကောင်းလာစေဖို့ အနားယူလာယူနေတဲ့သူလေးပါ။ကင်မရာလေးကိုင်လို့ သူစိတ်ဝင်စားတဲ့အရာကို ဓာတ်ပုံရိုက်နေတုန်းမှာ ခရာမှုတ်သံကို ကြားလိုက်ရပြီးဂျီအိုဆိုတဲ့ကောင်လေးနဲ့ ဆုံခဲ့ရပါတယ်။ အဲဒီကစလို့ ဂျီအိုနဲ့ အာအိုအိတို့အကြား ဘယ်လိုတွေကြုံတွေ့ပြီးဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်လာမလဲဆိုတာကိုတော့..romance ကားဆို မင်းသား မင်းသမီး ချောချောလေးတွေနဲ့ ဇာတ်ကောင်းကောင်းလေးကြည့်ချင်တဲ့သူလေးတွေအကြိုက်ဖြစ်စေမဲ့ကားလေးမလို့ ကြည့်ကြည့်ဖို့ ထပ်လောင်းပြောဆိုချင်ပါတယ်ရှင်။