Sujo HD

Sujo

Drama HD 2024-08-21 6.4 127 Min

ရုပ်ရှင်ရဲ့အဆုံးမှာတော့ ဒီရုပ်ရှင်ဟာ မီးဟုန်းဟုန်းတောက်နေတဲ့ နိုင်ငံတော်ထဲက မိဘမဲ့ကလေးတွေအတွက်လို့ ရေးထားခဲ့တယ်။အဖေက အဖေမရှိ သားက အဖေမရှိတဲ့ မျိုးအဆက်ဆက်မိဘမဲ့အထပ်ထပ်ပြန်ဖြစ်ခဲ့ရတဲ့ မရှင်သန်ချင်စရာ နိုင်ငံတော်ကြီးထဲက ဘဝတွေအကြောင်းပေါ့။ကမ္ဘာစ-စ်ဦးတုန်းကတော့ လန်ဒန်မြို့ကြီးပေါ် ဗုံးတွေအလီလီကျလာတော့ မိဘတွေက သူတို့ကလေးတွေကိုဘေးကင်းရာ ကျေးလက်မြို့တွေဆီ ပို့ခဲ့ကြတယ်။မီးဟုန်းဟုန်းတောက်နေတဲ့နိုင်ငံကြီးထဲ မိဘနဲ့ခွဲခဲ့ရတဲ့ ကလေးတွေက သနားစရာတော်တော်ကောင်းပါတယ်။ဒီရုပ်ရှင်မှာတော့ စစ်ကြီးမပါဘူး။စစ်ကြီးမပါတိုင်းစစ်ကြီးမဖြစ်နေတာတော့မဟုတ်ဘူးမလား။စစ်ကြီးမဖြစ်ဘဲ စစ်ကြီးဖြစ်နေတာတွေလည်းရှိတယ်။စစ်ကြီးမဖြစ်ဘဲ မီးဟုန်းဟုန်းတောက်နေတဲ့ နိုင်ငံတော်တွေလည်းရှိတယ်။အခုတော့ အဲဒီမီးတွေထဲမိဘပါမရှိတဲ့ ကလေးတွေအကြောင်းပေါ့။