Bolehkah Sekali Saja Kumenangis FHD

Bolehkah Sekali Saja Kumenangis

Drama FHD 2024-10-17 7.5 101 Min

ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Reka Wijaya ရဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်း ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား ဒရမ်မာတစ်ပုဒ်ပဲဖြစ်ပါတယ်။Tari ဆိုတဲ့ မိန်းမငယ်လေးကအကြမ်းဖက်တတ်တဲ့ သူ့အဖေ Pras ဆီကနေ သူ့အမေ Devi ကို ကာကွယ်ပေးရင်း အိမ်ကနေမထွက်နိုင် ဖြစ်နေတဲ့သူပါ။Pras က သူ့မိန်းမနဲ့သမီးကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံ၊ အရာရာချုပ်ချယ်‌နေပေမဲ့Devi ကတော့ သူပြောင်းလဲသွားမှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့သမီးတွေအတွက် အရာအားလုံးကို ငြိမ်ခံဝပ်တွားနေခဲ့တယ်။ဒါပေမဲ့ အကြမ်းဖက်အိမ်ထောင်ဦးစီး အုပ်ချုပ်တဲ့ မိသားစုတစ်စုကြောင့်ရတဲ့စိတ်ဒဏ်ရာတွေ၊ ရှုပ်ထွေးမှုတွေနဲ့ ဘာကိုမှ မပြောရဲမဆိုရဲတဲ့ Tari တစ်ယောက် သူ့ရဲ့ trauma တွေကိုကုစားပြီး ဘယ်လိုသတ္တိတွေမွေး ပြောင်းလဲမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလို့ရပါတယ်။တကယ့်လက်တွေ့မှာ ဖြစ်နေရှိနေတဲ့ အကြမ်းဖက်တတ်တဲ့ ‌အိမ်ထောင်ဦးစီးဖခင်လက်အောက်မှာ ချုပ်ချယ်ညှင်းဆဲခံနေရတဲ့ သားသမီးတွေ၊ မိဘတွေဆီကရလာတဲ့စိတ်ဒဏ်ရာနာကျည်းမှုတွေနဲ့ သားသမီးတွေမျက်နှာငဲ့ပြီး အိမ်ထောင်မကွဲချင်လို့ မကောင်းတဲ့ယောက်ျားကို ငြိမ်ခံပြီးဆက်ပေါင်းနေရတဲ့ အမျိုးသမီးတွေ စတဲ့ အကျည်းတန်တဲ့ဖြစ်ရပ်မှန်တွေကိုပေါ်လွင်အောင် ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။