FHD
Physical: 100
Squid Game လို ဂိမ်းမျိုးက တကယ့် Reality Game အနေနဲ့ ထွက်လာပြီဆိုရင် ယုံမလား?တကယ့်ကို Survival Game တစ်ခု ပေါ်ထွက်လာပါပြီ။ထူးထူးခြားခြား အသစ်ထွက်ရှိထားတဲ့ Physical 100 ဆိုတဲ့ရှိုးလေးပါပဲ။ဘယ်လိုရှိုးမျိုးလဲဆိုတော့ သာမန်မြင်တွေ့နေကျ Survival Shows တွေနဲ့မတူဘဲပါဝင်ယှဉ်ပြိုင်သူတွေက ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းသူတွေ ဖြစ်ပြီးတော့လူအယောက် ၁၀၀ တိတိ က ရုပ်ပိုင်းဆိုင်ရာ အင်အားချင်း ယှဉ်ပြိုင်ကြရမှာပါ။နပန်းသမား၊ အားကစားသမား၊ ကာယဗလမောင်မယ်တွေကစလို့အထူးတပ်ဖွဲ့ဝင်တပ်သားတွေပါ ပါဝင်ထားတဲ့ ဒီအစီအစဉ်မှာဆိုရင်ကျား/မ မရွေးဘဲ ခန္ဓာကိုယ်အကြံ့ခိုင်အတောင့်တင်းဆုံးသူ တစ်ဦးတည်းကသာ အနိုင်ရရှိမှာဖြစ်ပါတယ်။အင်အားသုံးရတဲ့ ရှိုးခပ်ဆန်းဆန်းလေးတွေကိုမှ ကြိုက်နှစ်သက်သူပရိသတ်ကြီးဆိုရင်တော့လက်လွှတ်မခံဘဲ ကြည့်ရှုသင့်တဲ့ အစီအစဉ်တစ်ခုပါပဲနော်။ကိုယ်ကိုယ်တိုင် ဝင်ပြိုင်ချင်လောက်တဲ့အထိ အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ရှိုးတစ်ခုလည်း ဖြစ်ပါတယ်။