Mathagam FHD

Mathagam

Crime FHD 2023

Synopsis of Mathagam (2023) S1 CompleteMathagam (2023)(TV Series)IMDb-6.4/10Disney+Hotstarကနေထုတ်လွှင့်ခဲ့တဲ့ တမီးလ်မှုခင်းစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။အပိုင်းငါးပိုင်းပါဝင်ပြီး စာဘူးတောင်းသိုက်ထဲကသပွတ်အူလို ရှုပ်ထွေးလှတဲ့နိုင်ငံရေး၊ဖြောင့်မတ်တဲ့ရဲအရာရှိနဲ့ နောက်ခံအင်အားတောင့်တင်းတဲ့ရာဇဝတ်ကောင်တို့အားပြိုင်ကြပုံကိုကြည့်ရှုခံစားရမှာပါ။ဖြောင့်မတ်တဲ့ရဲအရာရှိနာမည်က အက်ရှဝန့်။သူကိုင်ထားတဲ့စစ်ဆင်ရေးက မြို့ရဲ့နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ရာဇဝတ်ကောင်တွေကို ဖမ်းဆီးနှိမ်နှင်းဖို့။နိုင်ငံရေးနောက်ခံအင်အားနဲ့ ပါတီဖွဲ့စည်းထားတာကဝေးလ်လို့ လူသိများတဲ့ လူသတ်မှုများစွာကျူးလွန်ထားပြီး ရဲအလိုရှိဆုံးစာရင်းထဲက ရာဇဝတ်ကောင်ပါဒလမ်ဆီကာ။သူတို့နှစ်ဦး ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့ ဘယ်သူကဘယ်လိုတွေကောက်ကျစ်ပြီးဘယ်သူကဘယ်လိုပရိယာယ်တွေသုံးမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်မှုခင်းစီးရီးလေးပါပဲ။