The Curse FHD

The Curse

Comedy Drama FHD 2023

ကလေးလေးတစ်ယောက်ကို ဗီဒီယိုထဲ ရိုက်ဖို့ ဒေါ်လာတစ်ရာတန်ပေးပြီးမှ များနေလို့ ပြန်ပေး ၂၀နဲ့လဲပေးမယ်လုပ်ရာက ကလေးက ကျိန်စာတိုက်လိုက်လို့ဖြစ်သွားတယ်ပြောရမှာပဲ။ ဘာမှတော့မဟုတ်နေပါဘူး။ ဒါပေမဲ့ ဇာတ်ကားထဲက အမ်မာစတုန်းစကားလိုပဲ မထော်မနန်းနဲ့ လုပ်ချင်တာတွေလုပ်လိုက်ပြီးရင် အဲဒီနောက်မှာ အကျိုးဆက်တစ်ခုခုတော့ ရှိကိုရှိနေရမှာပါပဲ။ မရှိနေလို့ကိုမဖြစ်ပါဘူး။ အဲဒီအကျိုးဆက်ကိုတော့ ဒီပထမပိုင်းမှာ အရိပ်အမြွက်လောက်ပဲ ပြသွားသေးပေမဲ့ နောက်အပိုင်းတွေ ဘာတွေဆက်ဖြစ်လာဦးမလဲ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။ ဝုန်းခနဲဒိုင်းခနဲထဖြစ်တာမျိုးလည်း မဟုတ်လို့ တော်တော်လေး အငြိမ်ဆန်ပြီး တစိမ့်စိမ့်ကြည့်တတ်ရင် အရသာရှိမယ့် ဟာသစီးရီးစစ်ပေမဲ့ ဟာသစီးရီးမဆန်တဲ့ဟာသစီးရီးပါပဲ။ ဒိုကူရိုက်နေသလားမှတ်ရတဲ့အခန်းတွေများတာမို့ လူတိုင်းအကြိုက်တွေ့ဖို့တော့ ခက်ပါလိမ့်မယ်။