Chamak FHD

Chamak

Crime Drama FHD 2023

တေလာဆိုတာ မြောက်အမေရိက ကနေဒါမှာနေပြီး အောင်မြင်တဲ့ရပ်ပါတစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိတဲ့သူ။ ဆွေမျိုးဆိုလို့ အဖေတစ်ယောက်ပဲရှိပေမဲ့သူ့အိပ်မက်တွေကို တားဆီးလို့ အဖေ့စကားနားမထောင်တဲ့သားတစ်ယောက်။ထောင်ကလွတ်တာမှမကြာသေး ရဲမှူးရဲ့သားဖြစ်သူကို အပြင်းအထန်ထိုးကြိတ်ခဲ့မိလို့ ထောင်ထဲပြန်သွားရမှာကြောက်ပြီးပန်ဂျပ်ကို ပြေးရပါတော့တယ်။ရှောင်ပြေးလာရတဲ့ကြားထဲ ထိန်းလို့မရတဲ့ဂီတပိုးကြောင့် နာမည်ကြီးရပ်ပါတယောက်နဲ့battle rapပြိုင်ရွတ်ရာကနေ နာမည်ကြီးပြီးသူ ပန်ဂျပ်မှာရှိတာကို သိသွားပါတော့တယ်။ဒီမှာပဲ ပန်ဂျပ်ကနေ ဂျာမန်ကို ရှောင်ပြေးဖို့အလုပ်၊ အစတစ်ခု ဆွဲထုတ်မိလိုက်ရာကနဂန္ဓဝင်အဆိုအကျော်အမော်ကြီး တာရာဆင်းဂ်ကသူ့အဖေအရင်းဖြစ်နေတာကို သိလိုက်ရပါတော့တယ်။အဲဒါအပြင် သူ့အဖေသေရတာက သွေးရိုးသားရိုးမဟုတ်တာကို သိလိုက်ရတဲ့အချိန်မှာတော့ လိုက်လံစုံစမ်းပါတော့တယ်။သူ့ရဲ့စုံစမ်းမှုက အဖြေပေါ်မှာလား။ သူဖြစ်ချင်တဲ့ နာမည်ကြီးရပ်ပါကရော ဖြစ်လာမှာလား။အဲဒါတွေအပြင် ဂီတနယ်ပယ်က အရှုပ်အထွေး၊ နိုင်ငံရေးအရှုပ်အထွေးတွေပါ ပါဝင်ပတ်သက်လာတဲ့အခါမှာတော့…။

အပိုင်းများ

Season 1