Synopsis of Miss Perfect (2023)Miss Perfect (2024) “ဒေါ်ပြည့်စုံလွန်း”IMDb – 8.2/10Disney+ Hotstarကနေ ထုတ်လွှင့်ပြီး အပိုင်းရှစ်ပိုင်းပါဝင်တဲ့ရုပ်သံစီးရီးဇာတ်လမ်းတွဲကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။တလေဂူးလ်မင်းသမီးချော လာဗန်ညာထရီပသီ အထူးသရုပ်ဆောင်ထားတဲ့ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ နာမည်အတိုင်းပဲ လာဗန်ညာဆိုတဲ့ အမျိုးသမီးလေးကအရာရာကို ပြည့်စုံလွန်းချင်သူလေး။ သူပြည့်စုံချင်တာက ပစ္စည်းဥစ္စာတွေမဟုတ်။သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ အရာရာတိုင်းကို နေရာတကျဖြစ်ပြီး ပြီးပြည့်စုံချင်နေတာမျိုး။ဘယ်လောက်တောင်လဲဆို ချစ်သူက ရေကူးကန်ဘေးမှာ ရိုမန်းတစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းတာတောင်ရေကူးကန်ထဲက အမှိုက်ကိုမြင်ပြီး အရင်ပြေးဆယ်လို့ ဘဲပစ်မလေးဖြစ်ခဲ့ရ။ကိုဗစ်ရောဂါအတွက် လိုက်နာရမဲ့စည်းကမ်းချက်တွေက သူ့အတွက် ပုံမှန်ဖြတ်သန်းနေကျဘ၀ပါတဲ့။ဒီလို အရာရာဇီဇာကြောင်တဲ့ ဘဲပစ်မလေး လာဗန်ညာတစ်ယောက် ဟိုက်ဒရာဘတ်ဆီကိုတာဝန်ကျတဲ့အခါမှာတော့…။ကိုဗစ်ရောဂါကပ်ဆိုးကြီး အိန္ဒိယကိုစဝင်တဲ့အချိန်မှာ လာဗန်ညာတစ်ယောက်ပတ်ဝန်းကျင်အသစ် လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ ဘယ်လိုတွေ နှစ်ပါးသွားမလဲဆိုတာအိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ စိတ်နှလုံးရွှင်ပြုံးစေဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။