Graceful Family FHD

Graceful Family

ဇာတ်လမ်းအကျဥ်းကတော့ …..ချမ်းသာကြွယ်ဝလှတဲ့ သူဌေးကြီး မိုချောဟီး မှာတရားဝင်မယားကြီး(၂)ယောက်နဲ့ မယားငယ်တစ်ယောက်တို့နဲ့ရတဲ့သား သုံးယောက် နဲ့ သမီးတစ်ယောက်ရှိပါတယ်။မိုဝမ်ဆို ၊ မိုဝမ်ဂျွန်း ၊ မိုဆောဂျွန်းဆိုတဲ့ သားသုံးယောက်ကတစ်ယောက်တစ်မျိုးစီ ဆိုးကြသလိုသမီးဖြစ်တဲ့ မိုဆော့ဟီးကလည်း ဆတ်ဆတ်ထိမခံတဲ့ မာနခဲတစ်ယောက်ဖြစ်ပါတယ်။မိုချောဟီးပိုင်ဆိုင်တဲ့ MC လုပ်ငန်းစုက ကိစ္စ မှန်သမျှနဲ့သားသမီးတွေ အရှုပ်တွေကို လိုက်လံဖြေရှင်းပေးတာကတော့“TOP” ဆိုတဲ့ ဘက်စုံကျွမ်းကျင်တဲ့ အဖွဲ့ဖြစ်ပါတယ်။ဒီလိုနဲ့ ဟောယွန်းဒို ဆိုတဲ့ ရှေ့နေကောင်လေးကမာနခဲလေး မို​ဆော့ဟီးနဲ့ မမျှော်လင့်ဘဲတွေ့ဆုံမိရာကနေသူ့ဘဝအတွက် တစ်ဆစ်ချိုးပြောင်းလဲမှုကြီးဖြစ်လာပါတော့တယ်။ကိုရီးယားနိုင်ငံရဲ့ဥပဒေထက် အသာစီးရတဲ့“TOP” ဆိုတဲ့ အဖွဲ့ထဲကို ဝင်ဖို့ဖြစ်လာပါတယ်။အပြင်ပန်းမှာခက်ထန်မာကြောနေကြပေမယ့်ရင်ထဲက စိတ်ဒဏ်ရာတွေ၊ နှစ်ယောက်စလုံးရဲ့နစ်နာမှုတွေကိုမိုဆော့ဟီးနဲ့ ဟောယွန်းဒို တို့ အချင်းချင်းသိရှိသွားချိန်မှာတော့လောဘ၊ဒေါသ၊မောဟတွေ ကြီးစိုးနေကြတဲ့ လူကုံထံ မိသားစုဝင်တွေကိုဘယ်လိုတွေပညာပေးပြီးနှစ်ပေါင်းများစွာ ဖုံးကွယ်ထားခံရတဲ့ အမှန်တရားကိုဘယ်လိုတွေဖော်ထုတ်သွားမယ်ဆိုတာကိုရင်ခုန်စွာနဲ့စောင့်ကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။