ရှန်ဟိုင် “Mai” မိသားစုကနေ မွေးဖွားလာတဲ့ 90ခုနှစ်ဖွား Mai Cheng Huanလိုခေါ်တဲ့ကောင်မလေးကမိဘစကားအရမ်းနားထောင်ရပါတယ် ။ အဲဒီလိုနဲ့သူ့မာမီရဲ့တိုက်တွန်းမှုကြောင့်ပဲ ချစ်သူဖြစ်သူ Xin Jia Liang ကိုလက်ထပ်ခွင့်အရင်တောင်းလိုက်ရပါတော့တယ် ။ဒါပေမဲ့ Xin မိသားစုရဲ့စီးပွားရေးကကောင်းမွန်နေချိန်ဆိုတော့ Mai Cheng Huan နဲ့ Xin Jia Liang ကြားကဆက်ဆံရေးဟာကလည်း မိခင်ဖြစ်သူရဲ့အလွန်အမင်းဝင်ရောက်စွပ်ဖက်မှုကြောင့် ကတောက်ကဆလေးတွေဖြစ်လာပါတော့တယ်။ဒီလိုနဲ့ Mai Cheng Huan ဟာ သူ့မအပေါ်သူမသစ္စာရှိမှုနဲ့အမေဖြစ်သူရဲ့ဆန္ဒကိုလိုက်ရောပေးမှုကြားမှာ လွန်ဆွဲရင်းနည်းလမ်းရှာဖွေရပါတယ် ။ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူမအမေရဲ့အလွန်အမင်းကြီးကြပ်မှုအောက်ကနေရုန်းထွက်ပြီး အလုပ်မှာအာရုံစိုက်ပြီးလုပ်နိုင်လာခဲ့ပါတယ် ။Mai Cheng Huan ရဲ့ပြောင်းလဲလာပုံကို အဘွားဖြစ်သူကအသိအမှတ်ပြုခဲ့ပြီး အရမ်းဖိအားများတဲ့ hotel management ရာထူးကိတစ်ခါတည်းထမ်းဆောင်စေချိန်မှာတော့….အဲဒီ hotel က professional manager တစ်ဦးဖြစ်တဲ့ Yao Zhi Ming နဲ့ ပူးပေါင်းပြီး အတူတူလက်တွဲလိုင်ရပါတော့တယ် ။အလုပ်ဖော်လည်းဖြစ် “Mai” တစ်မိသားစုလုံးနဲ့ရင်းနှီးနေတဲ့ Yao Zhi Ming က Mai Cheng Huan နဲ့လက်တွဲဖိုဆိုတာဖြစ်နိုင်ပါ့မလား ။ကိုယ်ဒူးထောက်ထားရတဲ့အချိန်ကနေ ဦးမော့နိုင်တဲ့အချိန်အထိဘေးကနေ အတူအဖော်ပြုပေးခဲ့တဲ့Yao Zhi Ming ကိုရော Mai Cheng Huan ကရွေးချယ်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်