လတ်တလောကမှ ထွက်ရှိထားပြီး Tokyo Revengers ထက်ကောင်းတယ်ဆိုပြီး သတင်းထွက်နေတဲ့ နောက်ထပ်ကျောင်းသားငဖိုက် Anime အသစ်လေးကို တင်ဆက်ပေးပါ့မယ်ဗျ။အစပဲရှိသေးတာရော ဇာတ်လမ်းတည်ဆောက်ပုံ မတူတဲ့အတွက်TR ကောင်းမကောင်းဆိုတာတော့ ဖန်တွေကြားအငြင်းပွားစရာ ဖြစ်နေကြမှာပါ။သိချင်ရင်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်တာတော့ အကောင်းဆုံးပေါ့လေ။ကျွန်တော့်အတွက်တော့ ဒီထဲက MC ဖြစ်တဲ့ Sakura ကအစပိုင်းကတည်းက ကြမ်းနေပြီး TR က MC ဖြစ်တဲ့Takemichi ထက်တော့ သာတယ်လို့ မြင်မိတယ်ဒါကလည်း TR မှာက Side character တွေက အဓိကကြမ်းတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ဒီ Anime လေးကို Satoru Nii ရဲ့ Manga ဖြစ်တဲ့Wind Breaker ကိုပဲ တိုက်ရိုက် Adaptation လုပ်ထားတာပါ။ထုတ်လုပ်ထားတဲ့ Clover Work စတူဒီယိုကတော့Spy X Family ကို ထုတ်လုပ်ပေးထားတဲ့ စတူဒီယိုကောင်းတစ်ခုပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အောက်တန်းအကျဆုံးလူတိုင်းကအမုန်းဆုံး သောက်ဖက်မလုပ်ခံရဆုံးလူတွေဝိုင်းကျဉ်တာခံရဆုံးဆိုတဲ့ သာမန်လူနဲ့ မတူပဲဆံပင်က တစ်ဝက်တစ်ရောင်စီ မျက်လုံးကတစ်ဖက်တစ်ရောင်စီ ဖြစ်နေတဲ့ Sakura ဆိုတဲ့ လူပေလူတေလေးတစ်ယောက် Furin ဆိုတဲ့မြို့က Furin အထက်တန်းကျောင်းကလူဆိုးလူမိုက်များလွန်းလို့ နာမည်ကြီးနေတယ်ဆိုပြီးကျောင်းတက်ဖို့ Furin မြို့ ရောက်လာပါတယ်။သူ့စိတ်ထဲမှာလည်း အားနည်းတဲ့လူဆို အထင်မကြီးသန်မာတဲ့ကောင်တွေကိုလိုက်ရှာပြီး ချမယ်သူ့ကိုနိုင်ရင် သူ့ထက်သာတယ် ဒီလိုနဲ့ထိပ်ဆုံးကိုတက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ငဖိုက်လုပ်ဖို့ ရောက်လာတာ။ရောက်ရောက်ချင်းမှာတင် ကော်ဖီဆိုင်ကကောင်မလေးတစ်ယောက်ကို လူမိုက်တွေအနိုင်ကျင့်ရာကနေ ဝင်ကူမိရာက ဒီ Furin မြို့နဲ့ Furinအထက်တန်းကျောင်းလူမိုက်တွေဆိုတာသူထင်ထားသလိုတွေ ဖြစ်မနေပဲ အကုန်လုံးကတလွဲဖြစ်နေတဲ့အခါမှာတော့…..။