Sunflower (2021) “နေကြာပန်း”IMDb – 7.5/10ZEE5ကထုတ်လွှင့်ခဲ့ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အိန္ဒိယရုပ်သံဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။လက်ပွားမင်းသား သရုပ်ဆောင်ထားတဲ့ Super 30(2019)ကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီးVikas Bahlပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်တာမို့ အရည်အသွေးပိုင်းက စိတ်ချထားလို့ရမှာပါ။အပိုင်း၁၆ပိုင်းထွက်ရှိထားပြီး သရုပ်ဆောင်တွေအနေနဲ့ဆိုလည်း ဘောလိ၀ုဒ်ပရိသတ်နဲ့ မစိမ်းတဲ့သရုပ်ဆောင်ထူးချွန်သူတွေမို့ အားလုံး နှစ်သက်သဘောကျဖို့အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဆန်းဖလားဝါး(နေကြာပန်း)ဆိုတဲ့အဆောက်အဦးတစ်ခုမှာ လူလတ်တန်းစားမိသားစုတွေ နေထိုင်ကြတယ်။အဲဒီအဆောက်အဦးမှာပဲ လူသတ်မှုတစ်ခုဖြစ်သွားခဲ့တယ်။သေဆုံးသူနဲ့ကလည်း အဆောက်အဦးတစ်ခုလုံးက လူတွေနဲ့ ဇာတ်လမ်းလေးတွေရှိ။သူ့ကိုယ်ပိုင်မိသားစုနဲ့ကလည်း အရှုပ်အရှင်းတွေကများနေတော့ ဒီလူသတ်မှုကိုဖော်ထုတ်ဖို့ကြိုးစားတဲ့နောက်ကွယ်က အကြောင်းအရာတွေကို စိတ်ဝင်စားဖို့ကောင်းအောင်တစ်ပိုင်းချင်း ဆွဲခေါ်သွားမှာမို့ ခံစားကြည့်ရှုကြပါဦး။