Woo Young Woo က IQ 164တောင်ရှိပြီး ငယ်စဥ်ကတည်းစာတော်ခဲ့တဲ့အပြင်ဆိုးလ်အမျိုးသားတက္ကသိုလ်ကနေ စီးပွားရေး နဲ့ ရှေ့နေဘွဲ့နှစ်ဘွဲ့တောင်ရခဲ့တဲ့ ရှေ့နေမလေးပါ။ဉာဏ်ကောင်းချက်ကတော့ ငယ်စဥ်ကဖတ်မှတ်ခဲ့ရတာတွေကို အကုန်မှတ်မိတဲ့အပြင်ဥပဒေရေးရာအသုံးအနှုန်းတွေကို သည်၊ ၏ မလွဲ မှတ်နိုင်တဲ့အထိပါပဲ။ဒီလိုချစ်စရာကောင်းပြီးထက်မြက်တဲ့ရှေ့နေမလေးက ဘာလို့များ “ထူးခြားတဲ့ရှေ့နေ ဝူ” ဖြစ်နေရတာပါလဲ။မွေးရာပါ Asperger’s Syndrome ရောဂါသည်လေးမို့ ဉာဏ်ရည်မှာသူများတွေထက်အများကြီးသာလွန်ပေမယ်သာမန်လူတွေအလွယ်လေးလုပ်နိုင်သမျှကို Yong Woo ခမျာ မလုပ်နိုင်ရှာပါဘူး။ခံစားချက်ကိုဖော်ပြဖို့ခက်ခဲသလို သူငယ်ချင်းမိတ်ဆွေရယ်လို့လည်း များများစားစားမရှိပါဘူး။လူတွေကြားထဲမှာနေရတာ သူအတွက်ခက်ခဲပြီး များသောအားဖြင့်တစ်ယောက်တည်းအနေများတဲ့Woo Young Woo ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်က လူအများနဲ့ဆက်ဆံရပြီးတစ်ဖက်လူရဲ့လျှောက်လဲချက်တွေကို အချေအတင်ပြန်ချေပရတဲ့ ရှေ့နေအလုပ်ဖြစ်နေတဲ့အခါ ..