Forecasting Love and Weather FHD

Forecasting Love and Weather

Drama Comedy FHD 2022

ဂျင်ဟာဂယောင်းဟာ အရမ်းကိုသံသယကြီးလွန်းတဲ့မိုးလေဝသဌာနကအရာရှိတစ်ယောက်ပါ။ သူ့မှာ ၁၀နှစ်တာလက်တွဲခဲ့တဲ့ ဂီဂျွန်းဆိုတဲ့ ရုပ်ချော ငွေပေါပြီး အလုပ်အကိုင်လည်းကောင်းတဲ့ ကောင်လေးရှိပါတယ်။ရှီဝူကတော့ ဘဝကိုပျော်ပျော်နေတတ်တဲ့ မိုးလေဝသခန့်မှန်းရာမှာတော်တဲ့ကောင်လေးဖြစ်ပြီး သတင်းထောက်ကောင်မလေးတစ်ယောက်ကို ချစ်နေသူပါ။ဒါပေမဲ့ ကံကြမ္မာက ဆိုင်သူရှိပြီးသားသူတို့နှစ်ဦးကိုမိုးလေဝသခန့်မှန်းရေးသတင်းဌာနမှာ ရေစက်ဆုံဖို့ ဖန်လိုက်တဲ့အခါ…မိုးလေဝသဆိုတာ ခန့်မှန်းရခက်ပေမယ့် အချက်ပြတဲ့ signal လေးတွေရှိတတ်ပါတယ်။ဒါဆို တရားသေသတ်မှတ်ထားလို့မရတဲ့ ဘဝကြီးထဲမှာ ပေါက်ဖွားလာမယ့်အချစ်ကရော signal ပြမှာလား ? ရုတ်တရက်ကြီး ဝင်ရောက်လာမှာလား ?သိချင်ကြတယ်ဆိုရင်တော့ မမနဲ့မောင်လေးတို့နဲ့အတူ မိုးလေဝသခန့်မှန်းရင်း ကြည့်ရှုလိုက်ရအောင်နော်။