ဇာတ်လမ်းအညွှန်း ကျန့်ရှီးမြို ဟိုအိမ်တော်က အငယ်ဆုံးသားဖြစ်တဲ့ ပိုင်လီသုန်းကျွင်းဟာ ငယ်ငယ်ကတည်းက ခေါင်းမာတတ်ပါတယ်။ ကဗျာတွေ ဝတ္ထုတွေမှာ မကျွမ်းကျင်လှသလို စစ်ပညာတွေ သိုင်းပညာတွေ အကြောင်းလည်း ဖတ်ရတာ မနှစ်မြိုပါဘူး။ သိုပေမဲ့လို ပိုင်လီသုန်းကျွင်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသတ်ခံခဲ့ရတဲ့ သူငယ်ချင်း ယဲ့ယွင်ကို သူ အရက်နတ်တစ်ပါး ဖြစ်လာရမယ်လို ကတိပေးခဲ့တဲ့အတွက် အရက်ချက်တဲ့တစ်နေရာမှာတော့ ကျွမ်းကျင်ပိုင်နိုင်လှပါတယ်။ဒါပေမဲ့လည်း သူ့ရွေးချယ်မှုကို ကံကြမ္မာကိုပဲ ပုံအပ်မထားနိုင်တော့တဲ့အတွက် နောက်ဆုံးကျ လောကမှာ ထိပ်တန်းကျောင်းတစ်ကျောင်းဖြစ်တဲ့ လီချန်ရှန်း ကျောင်းတော်ကြီးမှာ သိုင်းပညာကို သွားရောက်လေ့လာပါတော့တယ်။ ဒီလိုနဲ့ပဲ ယွဲယောင်နဲ့ သိကျွမ်းသွားပြီး လက်ရှိ ယဲ့တင်ကျစ် လို နာမည်ပြောင်းထားတဲ့ ယဲ့ယွင်နဲ့အတူ ပြန်ဆုံတွေ့ခဲ့ပါတယ်။ပိုင်လီသုန်းကျွင်းဟာ လွှမ်းမိုးမှုတွေ တွန်းအားပေးမှုတွေအောက်ကနေ ယဲ့တင်ကျစ်ရဲ့သရုပ်မှန်နဲ့ တာဝန်ကို စဖော်ထုတ်ပါတော့တယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာပြီးနောက်ပိုင်း မသမာသူတွေဟာ ယဲ့တင်ကျစ်ကိုအသုံးချပြီး အလယ်ပိုင်းလွင်ပြင်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ စစ်ပွဲဖန်တီးလိုက်တော့ ပိုင်လီသုန်းကျွင်းလည်း သူရဲကောင်းအဖွဲကို ဦးဆောင်ပြီး ခုခံရပါတော့တယ်။ပိုင်လီသုန်းကျွင်းဟာ သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ယဲ့တင်ကျစ်ကို ထိပ်တိုက်ရင်ဆိုင်ရင်း တပ်ပြန်ခေါက်သွားလေမလား...ယဲ့ယွင်ကရော ဘာလိုယဲ့တင်ကျစ်လို နာမည်ပြောင်းလိုက်ရတာလဲ ...သူကယ်ချင်နေတဲ့ပြည်သူတွေနဲ့ သူ့သူငယ်ချင်း နှစ်မျိုးလုံးကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာ