ဒီကားက The Princess Royal (2024) လိုပဲ မင်းသားရော မင်းသမီးပါ အတူတစ်ဖန်ပြန်မွေးဖွားလာတဲ့ ဇာတ်အိမ်မျိုးပါပဲ…ဇာတ်လိုက်မင်းသမီး သုံ့ကျောင်းဟာဆို ငယ်ရွှယ်စဉ်မှာ သူ့ကိုကာကွယ်ပေးမယ့် မိခင်ကို ဆုံးရှုံးခဲ့ရပြီးမိထွေးကိုပဲ အလေးပေးတဲ့ သူ့ဂရုမစိုက်တဲ့ အဖေနဲ့…အမွေတွေလုယူဖို့ အကြံနဲ့ အဖက်ဖက်က သူ့ကိုတိုက်ခိုက်ဖို့ကြိုးစားနေတဲ့ မိထွေးရဲ့တိုက်ခိုက်မှုတွေ…အမျိုးသမီးဖြစ်တာကြောင့် အချိန်တန် ယောက်ျားကောင်းရှာယူရမယ်ဆိုတဲ့အတွေးနဲ့ရှင်သန်တဲ့ ခေတ်ကာလဖြစ်လို့ သုံ့ကျောင်းတစ်ယောက်လည်း မိဘတွေစီမံပေးတဲ့ သူနဲ့ အိမ်ထောင်ပြုခဲ့ပေမယ့်ပြန်ရခဲ့တာက ဖောက်ပြန်မှု၊ သစ္စာမဲ့မှု…ဒါကြောင့်လည်း သံယောဇဉ်ဖြတ်ပြီး အဝေးကို ထွက်သွားဖို့ ကြိုးစားခဲ့ရာကနေ…သူ့လိုပဲ မိသားစုကံမကောင်းတဲ့ စု့န်မော့နဲ့ တွေ့ခဲ့တယ်…စုန့်မော့ကလည်း သူ့လိုပဲ မြင့်မြတ်တဲ့ အနွယ်ဝင်ဆိုပေမယ့်လည်း…ဘက်လိုက်လွန်းတဲ့ မိသားစုအောက်မှာ ကြီးပြင်းခဲ့တာကြောင့် အဖေနဲ့ ညီကိုသတ်သူဆိုတဲ့နာမည်ဆိုးကြီးအောက်မှာ ရှင်သန်နေခဲ့ရတယ်…ဒီနှစ်ဦး ဆုံပြီး တစ်နေ့တည်း တစ်ချိန်တည်းမှာ သေပြီးနောက်မှာတော့…ငယ်ဘဝကို ပြန်ရောက်သွားခဲ့တယ်…စုန့်မော့ရဲ့ တကယ့်ဆက်ခံသူနေရာရဖို့ နောက်တစ်ကြိမ်ပြန်လည်ကြိုးစားဖို့ဖြစ်လာသလို…ကျောင်းကျောင်း( သုံ့ကျောင်း)လည်း သူ့မိထွေးရဲ့ အကွက်ချမှုအောက်ကကျော်လွှားဖို့အတွက် စုန့်မော့နဲ့ မဟာမိတ်ဖွဲ့ မင်္ဂလာဆောင်ဖို့ သဘောတူခဲ့ကြတယ်…အစပိုင်းမှာ မရှိခဲ့တဲ့ ယုံကြည်မှုနဲ့ အပြန်အလှန် နားလည်အားကိုးမှုတွေကိုသူတို့ရင်ဆိုင်ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေက တဖြည်းဖြည်းချင်း တည်ဆောက်ဖန်တီးပေးခဲ့ပါတယ်…တိုင်းပြည်အရေးမငြိမ်သက်မှုတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေ လျောင်ဝမ်ရဲ့ ပုန်ကန်မှုကိုတားဆီးဖို့ စတဲ့ စိန်ခေါ်မှု အခက်အခဲတွေကနေ တစ်ဆင့်ချင်း ဇာတ်ရှိန်မြင့်လာသလို…ကျောင်းကျောင်းမော့မော့ စုံတွဲလေးလည်း ပိုပြီး ရှေ့သွားနောက်လိုက်ညီလာပြီးဘဝပျော်ရွှင်မှုကိုပဲ ရလာမှာလား…အရင်ဘဝက ကံကြမ္မာဆိုးကြီးလိုပဲ ဇာတ်သိမ်းမလှတဲ့အဖြစ်ကိုနောက်တစ်ကြိမ်ပြန်လည်ကြုံတွေ့ရမှာလားဆိုတာ ရင်ခုန်စွာ စောင့်ကြည့်လိုက်ရအောင်…