အွန်းဆူက ဇိမ်ခံပစ္စည်းလက်လီရောင်းချတဲ့ကုန်တိုက်မှာ အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်နေပြီး... အွန်းဆူရော သူငယ်ချင်းဖြစ်သူ ဟီးဆူနှစ်ယောက်လုံးဟာ ငယ်ဘဝရဲ့ စိတ်ဒဏ်ရာ ကိုယ်စီအပြည့်နဲ့သူတွေပေါ့... ကလေးစာအုပ်ရေးတဲ့ စာရေးဆရာမအဖြစ် အလားအလာရှိခဲ့ပေမဲ့... လက်ရှိမှာတော့ အနိုင်ကျင့်တတ်တဲ့ယောက်ျားကြောင့် ငရဲလိုဘဝမျိုး ရောက်နေတဲ့ သူငယ်ချင်းဖြစ်သူ ဟီးဆူကို ကယ်တင်ဖိုအတွက်... အွန်းဆူတစ်ယောက် သူငယ်ချင်းရဲ့ယောက်ျားဖြစ်သူကို သတ်ဖို ကြံရွယ်နေပါတော့တယ်... ဒီလိုကနေ သူငယ်ချင်းနှစ်ယောက်ရဲ့အကြံကို သိသွားတဲ့ ဂျင်ဂန်းကုမ္ပဏီရဲ့ ကိုယ်စားလှယ် ဂျင်ဆိုဘဲ့ဆိုသူက... နှစ်ယောက်သားရဲ့ အကြံအစည်ဖြစ်မြောက်လာဖိုအတွက် ကူညီပေးဖို ကမ်းလှမ်းလာတဲ့အခါမှာတော့... ပြီးပြည့်စုံအောင်လို ကြံရွယ်ထားကြတဲ့ ပြစ်မှုတစ်ခုကို... သူငယ်ချင်းနှစ်ယောက် အောင်မြင်အောင် လုပ်ဆောင်သွားနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်...