Don't Call Me Ma'am FHD

Don't Call Me Ma'am

Comedy Drama FHD 2025

Jo Na Jeong (Kim Hee Seon) ကတော့ တစ်ချိန်တုန်း ဝမ်သန်းပေါင်းများစွာ ရှာဖွေနိုင်ခဲ့တဲ့ ဟုမ်းရှော့ပင်း အစီစဉ်တင်ဆက်သူတစ်ဦးဖြစ်ပါတယ် ။ သူမဟာ အိမ်ထောင်ပြုပြီးနောက်မှာတော့ အိမ်ထောင်ရှင်မတိုရဲ့ ထုံးစံအတိုင်း ကိုယ့် career ကို လက်လွှတ်ပြီး အိမ်ထောင်တာဝန်ကိုပဲ ထိန်းသိမ်းရင်း သားသမီးတွေကို ပြုစုပျိုးထောင်နေရပါတော့တယ်။Ku Ju Young (Han Hye Jin) ကတော့ အနုပညာစင်တာမှာ အဖွဲမှူးဖြစ်ပြီး မိသားစုဘဝမှာရော အလုပ်မှာပါ ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားတယ်လို ထင်ရပေမဲ့ တကယ်တမ်းမှာတော့ လိင်မှုကိစ္စအပေါ် စိတ်မဝင်စားတဲ့ ခင်ပွန်းနဲ့ ကလေးယူဖိုအတွက် ကြိုးစားရင်း စိတ်ပင်ပန်းနေရသူတစ်ယောက်ပါ။Lee II Li (Jin Seo Yeon) ကတော့ ဖက်ရှင်မဂ္ဂဇင်းရဲ့ လက်ထောက်အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်နေတဲ့ single တစ်ယောက်ဖြစ်ပြီး အိမ်ထောင်ပြုဖိုအတွက် စိတ်ကူးအိပ်မက်ရှိပေမဲ့လည်း အခုထိတော့ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ ဒီကားလေးကတော့ အမျိုးမျိုးသော မိသားစုကိစ္စ အလုပ်ကိစ္စတွေနဲ့ ခြေကုန်လက်ပန်းကျနေတဲ့ အသက် ၄၁ နှစ် အရွယ် အမျိုးသမီး ၃ ဦးက ဘဝရဲ့ စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်မဲ့ပုံစံလေးကို ဟာသလေးနှောပြီး ရိုက်ကူးထားတာဖြစ်လို လက်တွေ့လည်း ဆန်ပြီး .. ပေါ့ပေါ့ပါးပါး ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုချင်ပါတယ်။