D-Day FHD

D-Day

Drama FHD 2015

ဇာတ်လမ်းအကျဉ်းကတော့ ..Lee Hae Sung (Kim Young Kwang)ဟာ အမိန့်မနာခံတာကြောင့် ဆိုးလ်မှာ ရှိတဲ့ နာမည်ကြီးဆေးရုံကနေ နယ်ဘက်က ဆေးရုံတစ်ခုကို ပြောင်းရွှေ့ခံရတဲ့ အရေးပေါ်ဌာနက ထူးချွန်တဲ့ ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။Jung Ddol Mi (Jung So Min)ကတော့ ဘူဆန်ကနေ ဆိုးလ်ဘက်ကို လူနာတစ်ယောက်ကို ပြောင်းပေးဖိုအတွက် ရောက်ရှိနေတာဖြစ်ပြီး သူမကို ငယ်စဉ်က ကယ်တင်ပေးခဲ့ဖူးတဲ့ ကျေးဇူးရှင် ပါမောက္ခ Han Woo Jin (Ha Seok Jin)နဲ့ တွေ့ဖို ကြိုးစားခဲ့ပေမဲ့ တွေ့ခွင့်မရဘဲ .. ဆိုးလ်မှာ အင်အားပြင်ထန်တဲ့ငလျင်ကြီးတစ်ခု လှုပ်ခတ်တာကို ကြုံခဲ့ရပြီး ပိတ်မိသွားခဲ့ပါတယ်။ ငလျင်ကြောင့် ဖုန်း၊ အင်တာနက်၊ လျှပ်စစ်မီး ဘာတစ်ခုမှ မရတော့ဘဲ တစ်မြိုလုံး ပျက်စီးသွားပြီး အရေးပေါ်ကယ်ဆယ်ရေးလည်း မရနိုင်တဲ့ အခြေအနေဖြစ်သွားပါတော့တယ်။ အမိန့်မနာခံတတ်ဘဲ လူနာကို ကုသဖိုအတွက်သာ အဓိကထားတဲ့ အရေးပေါ်ဌာနက ဆရာဝန် Lee Hae Sung, နာမည်ကြီးခွဲစိတ်ဆရာဝန် Han Woo Jin, ရည်မှန်းချက်ကြီးမားတဲ့ အရိုးအထူးကုဆရာဝန်မလေး Jung Ddol Mi တို ၃ ယောက် ပူးပေါင်းပြီး ထိခိုက်ဒဏ်ရာရသူတွေရဲ့ အသက်ကို ဘယ်လို ကယ်တင်ကြမလဲ။ တစ်ဖက်မှာလည်း အကျိုးအမြတ်ကိုသာ ကြည့်တတ်တဲ့ ဆေးရုံအုပ်နဲ့ သူတို ၃ ယောက်ကြားမှာ ဘယ်လိုပဋိပက္ခတွေ ဖြစ်လာမလဲဆိုတာ သည်းထိတ်ရင်ဖို ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါဦးနော် .. ။