The Truth Within FHD

The Truth Within

ဇာတ်လမ်းအညွှန်း လီချန်ပြည်သူ့ရဲဌာနရဲ့အသက်အငယ်ဆုံး မှုခင်းဆေးဆရာဝန်ဖြစ်တဲ့ ချီစစ်ကျယ်ဟာ ယာဉ်မတော်တဆမှုတစ်ခုမှာ ချစ်ရသူကောင်မလေး ယွီ‌ဖေးကို ဆုံးရှုံးလိုက်ရပါတယ်။ဒါပေမဲ့ မထင်မှတ်စွာဘဲ အဲမတော်တဆမှုက သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ကြိုတင်ကြံစည်ထားတာဖြစ်ပြီး နောက်ကွယ်မှာကြိုးကိုင်သူတွေရှိမှန်း သူ သိလိုက်ရပါတယ်။ ဒါကြောင့် ဟယ်ချန်ပြစ်မှုစစ်ဆေးစုံစမ်းရေးအဖွဲ့နဲ့ပူးပေါင်းပြီး အမှန်တရားကို စတင်ရှာဖွေဖို့လုပ်ခဲ့ပါတယ်။ အဲလိုစုံစမ်းရာကနေ ခန္ဓာကိုယ်ကို ပင့်ကူမျှင်တွေနဲ့ရစ်ပတ်ခံထားရတဲ့ထူးဆန်းအလောင်းတစ်ခုကိုတွေ့မိရာမှ သူရှာနေတဲ့အမှန်တရားဟာ ထင်ထားတာထက်ရှုပ်ထွေးပွေလီမှန်း နားလည်လိုက်ပါတော့တယ်။ အဲလိုနဲ့ ယွီဖေးသေဆုံးမှုရဲ့နောက်ကွယ်ကအမှန်တရားကိုဆက်လက်ရှာဖွေရာမှ သေစေနိုင်တဲ့မူးယစ်ဆေးတစ်မျိုးနဲ့ဆက်နွယ်နေမှန်း သိလိုက်ရတဲ့အခါ...ချစ်သူကောင်မလေးရဲ့သေဆုံးမှုက မူးယစ်ဆေးနဲ့ဘယ်လိုဆက်စပ်နေလဲ?သူရှာနေတဲ့အမှန်တရားကိုရော ဖော်ထုတ်နိုင်မလား??အမှန်တရားရှာဖွေရာလမ်းမှာ ဆန်းကြယ်လှတဲ့ဘယ်လိုအမှုတွေက သူ့ကိုစောင့်ကြိုနေမှာလဲ???ရင်တထိတ်ထိတ်နဲ့ဦးနှောက်စားရမှာကြိုက်ရင်တော့ The Truth Withinက လက်မလွှတ်တမ်းကြည့်ရှုရမဲ့စီးရီးပါပဲနော်...!