ဒယ်မန်းအုပ်စုဆိုတာ ကိုးရီးယားရဲ့ ထိပ်ထိပ်ကျဲ လုပ်ငန်းတော်တော်များများကိုပိုင်ဆိုင်ထားတယ်....ထိပ်သီးစီးပွားရေးကုမ္ပဏီဖြစ်လို အလုပ်ဝင်ချင်သူတွေလည်းဒုနဲ့ဒေးပါပဲ.....ဒါရိုက်တာအဖွဲဝင်တွေဟာလည်း ဒယ်မန်းတိုးတက်ဖို နည်းမျိုးစုံနဲ့ကြိုးစားကြသလို အသစ်သစ်သော ကုန်ပစ္စည်းတွေထုတ်ဖို လုံးပန်းနေကြတယ်..တစ်နေ့တော့ ကုန်ပစ္စည်းသစ်ထုတ်ဖို အစည်းအဝေးတစ်ခုမှာ ကားဒီဇိုင်းတစ်မျိုးထုတ်သင့်မသင့်ဆုံးဖြတ်ကြတယ်......ရှုးမယ်လိုထင်လို ကန့်ကွက်တဲ့ ဒါရိုက်တာအဖွဲဝင်ကြောင့် ပွဲပျက်သွားခဲ့တယ်...တခြားကုမ္ပဏီက အဲ့ဒီဇိုင်းကိုထုတ်လုပ်ခဲ့ပြီးအဲ့ကားဒီဇိုင်းဟာ ကိုရီးယားမှာ အအောင်မြင်ဆုံး ထုတ်ကုန်တစ်ခုတောင်ဖြစ်သွားတယ်..ဒယ်မန်းအတွက်ရှယ်ယာဈေးတွေကျသွားတဲ့အပြင်တကယ့်အချီကြီးရမယ့် ဈေးကွက်လွတ်သွားလေတော့ဥက္ကကြီးစိတ်ဆိုးပြီးတော့ ကန့်ကွက်တဲ့ဒါရိုက်တာကို ချောင်းမာလီဈေးကို ကွပ်ကဲဖိလွှတ်လိုက်တယ်...အဲ့ဒီမှာဇာတ်လမ်းကစတော့တာပဲ...ချောင်းမာလီဈေးဆိုတာ သုသန်လောက်တောင်မစည်ကားဘူး...ဈေးနာမည်ခံတစ်ခုသာရှိပြီး ရောင်းအားလုံးဝမရှိတဲ့ဈေးကြီးအောင်မြင်အောင်ကွပ်ကဲဖိုဆိုတာ သကြားမင်းတောင်လက်ရှောင်နိုင်တဲ့အခြေအနေမျိုး...ဒီလိုအခြေအနေကို သူဘယ်လိုဆွဲတင်မလဲ...ဒီစီးရီးက ချစ်ကြိုက်ကွဲငြားဇာတ်လမ်းတွဲမျိုးတော့မဟုတ်ဘူး...စီးပွားရေးလောကရဲ့ မာယာတွေနဲ့...ဒီလောကရဲ့ ပရိယာယ်အသွယ်သွယ်တွေကို လှလှပပလေး ပညာပေးရိုက်ပြသွားတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်..ဗဟုသုတလည်းရသလိုကြည့်သင့်တဲ့စီးရီးတစ်ခုလည်းဖြစ်ပါတယ်....ဟာသလေးတွေပါသလို မှတ်သားစရာပေါင်းများစွာပါပါတယ်...