အခုတစ်ခါမှာတော့ ပရိသတ်ကြီးတို့အတွက် Healing ဖြစ်စေမဲ့ ပေါ့ပေါ့ပါးပါး မိသားစု ဟာသဒရမ်မာအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကလည်း အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်ဆောင် Park Sung Woong , Lee Soo Kyung, Ghost9 အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lee Jin Woo, Our universe ထဲက မင်းသမီးလေး Choi Gyu Ri တို့ အဓိကပါဝင်ထားပြီး အခြားသရုပ်ဆောင်တွေလည်း များစွာပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ****************** ဆိုးလ်မြို့က လုပ်ငန်းကြီးတစ်ခုမှာ ဌာနမှူးအဖြစ် လုပ်ကိုင်နေတဲ့ Seong Tae Hun ( Park Sung Woong) ဟာ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုကြောင့် ရုတ်တရက်ကြီး ကျေးလက်တောရွာဘက်ကို ဇနီး ၊ သား ၃ ယောက်နဲ့ အတူ ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ပါတယ်။ မြို့ပြမှာပဲ မွေး ၊ မြို့ပြမှာပဲ ကြီးပြင်းလာကြပြီး စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလည်းမရှိ ၊ ကျေးလက်ဒေသမှာ နေဖူးတဲ့ အတွေ့အကြုံလည်း မရှိတဲ့ သူတို့မိသားစုအဖို့ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရတဲ့အခါမှာတော့ ဆိုးလ်မြို့ကို ပြန်သွားရဖို့အတွက် ကြိုးစားရုန်းကန်ကြပါတော့တယ်။ ဒီလိုနဲ့ ကျေးလက်ဒေသရဲ့ လူနေမှုဘဝနဲ့ စိမ်းသက်ပြီး နယ်ခံတွေနဲ့လည်း အဆင်မပြေ၊ ပြဿနာပေါင်းစုံကို ရင်ဆိုင်ရင်း အချိန်ကြာလာတာနဲ့အမျှ မိသားစုရဲ့ တန်ဖိုး၊ ဘဝရဲ့ ပျော်ရွှင်မှု အစစ်အမှန်တွေကို ဘယ်လိုရှာဖွေတွေ့ရှိသွားကြမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတဲ့ မိသားစုဒရမ်မာလေးကို အပတ်စဉ် ကြာသပတေးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။